အခန်း[2] မေလ၏မိုးညနေခင်း {Unicode}
တစ်ညနေလုံး ဆိုင်မှာလူအရမ်းကျလွန်းတာကြောင့် သူပါစားပွဲဝိုင်းထိုးရင်း အပေါ်တက်လိုက်၊အောက်ဆင်းလိုက်ဖြင့် အကြိတ်အနယ်လုပ်အားပေးနေရသည်။
စားသုံးသူများ မှာယူထားသည့်ဟင်းပွဲပေါင်းများစွာကို
လိုက်ချပေးပြီးနောက် ကောင်တာသို့ပြန်လာကာ ခေတ္တအမောဖြေရင်း နာရီကြည့်လိုက်တော့ ၇နာရီထိုးဖို့ ၁၀မိနစ်လောက်သာလိုတော့၏။တစ်ညနေလုံး အလုပ်တွေရှုပ်နေတာမို့
ပိုင့်ရုံးဆင်းချိန်ကိုပင် သူသတိမထားမိလိုက်။
ပိုင်က ၆နာရီမှာ ရုံးဆင်းပြီး
သူ့ဆိုင်ပိတ်ချိန်က ၇နာရီဖြစ်သောကြောင့်
ပိုင်က ယုံဆန်းဒုံမှာရှိသည့်ရုံးကနေ
ချောင်းဒန်းဒုံကအိမ်ကို အရင်ပြန်ပြီးမှသာ
သူ့ကိုလာပြန်ကြိုနေကျဖြစ်သည်။ပိုင်က ထိုအချိန်တိုင်း သူ့ဆီကိုဖုန်းဆက်နေကျမို့ Counterကိုအပြေးသွားကာ
ကိုယ်ပေါ်ကအေပရွန်ကိုချွတ်လိုက်ပြီး
ဖုန်းလေးကို ကောက်ကိုင်ကာကြည့်လိုက်တော့ သူထင်သည့်အတိုင်းပင် ပိုင့်ဆီက ဖုန်းခေါ်ဆိုမှု 2ခုနှင့်အတူ စာတို 5စောင်ကိုပါတွေ့လိုက်ရသည်။[6:05pm]
*ကိုကို အလုပ်ရှုပ်နေတာလား
ကျွန်တော်ရုံးဆင်းပြီနော်
အခုအိမ်ပြန်တော့မယ်*[6:13pm]
*ကိုကို ကျွန်တော်အိမ်ပြန်ရောက်ပြီ*[6:30 pm]
*ခဏနေမိုးရွာတော့မယ်ထင်တယ်။
မဲမှောင်နေတာပဲ၊ ကိုကို အနွေးထည်ဝတ်ထားအုံး။ကျွန်တော်ရေချိူးတော့မယ်*[6:45pm]
*ထင်တဲ့အတိုင်းပဲ မိုးရွာလာပြီ ကိုကိုရေ
ကျွန်တော်ရောက်ရင် ဆိုင်ထဲဝင်လာမှာမို့
မိုးရေထဲမှာ ထွက်စောင့်မနေနဲ့နော်။
အနွေးထည်လည်းဝတ်ထားအုံး*[6:46pm]
*စကားနားမထောင်ရင် ကိုကို့နှုတ်ခမ်းတွေကို အပြစ်ပေးမှာနော်*
YOU ARE READING
မိုးစက်ကြွေသောလေညှင်း....မြေခလာသောစိန်ပန်းနီနီ
General FictionDescription- အချစ်ကြောင့် သေဆုံးခဲ့ဖူးသလို အချစ်ကြောင့်ပဲ ပြန်လည်ရှင်သန်ခဲ့တယ်။