"Kam..ငါ့ကိုမထားခဲ့ပါနဲ့ကွာ..ငါတောင်းပန်ပါတယ်။ငါမင်းမရှိရင်မဖြစ်ဘူးဆိုတာသိသားနဲ့..မင်း..မင်းအတွက်ငါ့ဘဝရောခန္ဓာကိုယ်ရောပေးခဲ့တာပဲ"
"ရိုးလာလို့ကွာ!!!"
သည်းသည်းထန်ထန်ရွာနေသောမိုးရေထဲကောင်လေးတစ်ယောက် ခြေထောက်ကိုဖက်ကာ ကောင်လေးတစ်ယောက်ကတောင်းပန်နေသည်။အများအမြင်နဲ့ပြောရင် အင်း..သမီးရည်းစားချင်းစိတ်အခန့်မသင့်ရန်ဖြစ်ကြသည်ပေါ့။သို့ေသာ် လက်တွေ့တွင်တစ်ဦးတည်းဆွဲပြီးတစ်ဦးတည်းဖြတ်နေသောအနားသတ်မျဥ်းသည် ထိုသူ့အတွက်တော့လှပကောင်းလှပချင်လိမ့်မည်။တစ်ဖက်သတ်ဆိုသည်မှာဘယ်သောအခါမှ အေးချမ်းရရိုး ထုံးစံမရှိ။
Sexပဲနဲ့ချည်ချည်...loveနဲ့ပဲချည်ချည် မြဲချင်မှမြဲကြတာပါ။မချစ်တဲ့သူကို ..ရော့ဆိုပြီး...sexပေးလဲ ပေးတုန်းပဲယူကြတာမလား။လူတွေကလိမ်တာအရမ်းတော်တယ်။လက်ဖက်သုပ်ကြိုက်တယ်ဆိုပြီး ပုစွန်ခြောက်ကုန်သွားတော့သိပ်မစားချင်ကြတော့တာလူ့သဘာဝ။
"Kamရာ..ငါတောင်းပန်ပါတယ်ကွာ"
"ငါလဲတောင်းပန်ပါတယ်ကွာ..ငါမိန်းမတွေပဲစိတ်၀င်စားတာပါလို့မင်းကိုပြောခဲ့တာပဲ..ငါ့ကိုလွတ်လပ်ခွင့်ပေးကွာ ငါ Binnကိုပဲယူမှာ"
"အဲ့တာဆိုမင်းဘာလို့sexလုပ်ကြမယ်လို့ပြောတုန်းကစမ်းကြည့်ကြမယ်လို့ပြောလဲ!!!!မင်းလဲအလိုတူအလိုပါပဲ။ငါလဲမင်းကိုအရမ်းချစ်ပေးနေတာပါချစ်ပေးနေတာပါ..Han Binnဆိုတဲ့ကောင်မကငါ့ထက်ဘာများသာ.."
"Jeon Jungkook!!!!!!"
အော်လိုက်တော့မိုးခြိန်းသံနဲ့အတူတုန်တက်သွားသော ခန္ဓာကိုယ်။နှလုံးသားအရှင်သခင်ကိုမော့ကြည့်တော့ တော်တော်စိတ်တိုသွားသောပုံ။
"အနည်းဆုံးတော့မိန်းမသားလေ။ငါသိပ်ချစ်တဲ့ကလေးတွေမွေးပေးနိုင်တယ်!!ငါ့ကိုလွတ်လပ်ခွင့်ပေးပါတော့!!!"
"မသွားရဘူး!!!!!ငါခွင့်မပြုနိုင်ဘူး"
ဘယ်အချိန်ထဲက ရောက်နေမှန်းမသိသောလက်ထဲကကိုင်ထားမိလျက်ဖြစ်နေသော အုတ်နီခဲနဲ့ အထပ်ထပ်ကြားလာရသောစကားသံတွေများပျောက်သွားမလားစိတ်နှင့် အကြိမ်ကြိမ်ထုရိုက်မိသည်။အသိဝင်လာသောအခါ Kamသည်အသက်မရှိတော့။ဝမ်းနည်းစိတ်ရောဒေါသစိတ်ကြောင့်ရော သူဘာမှမမြင်တော့ပေမဲ့သူKamကိုတအားချစ်ခဲ့ပါသည်။ထိုစိတ်ကြောင့်နှင့်ရူးခဲ့ရပါသည်။သို့သော်...သို့သော်အပေးပဲရှိပြီးအပြန်ပြန်မလာသောအခါ..။
.......................................................................
"အကျဥ်းသား2148..ကောင်းကောင်းမွန်မွန်နေတော့မင်းကိုလွှတ်လိုက်ပြီ"
YOU ARE READING
Past Means Traumatic Story(Complete)
Fanfictionအတိတ်ကနာကျင်စေတယ်ဆို ......အနာဂတ်ကရောမျော်လင့်ချက်ရှိသလား~~~~