Jungkook ဦးလေးအခန်းထဲတွင် Jungkookအဒေါ်နှင့်Jungkookတို့ အချိန်အတန်ကြာဆွေးနွေးနေခဲ့သည်ထိ လိုချင်တဲ့အဖြေရမလာ။
"Jeonပြောချင်သလိုဆို တီတီတို့အိမ်မှာသရဲတို့ဘာတို့မရှိပါဘူးJeonရယ်"
"ကျွန်တော်လဲ သိပါတယ်။အကိုကလဲ ဒီရက်ပိုင်းတွေ
အထိတ်တလန့်ဖြစ်ဖြစ်နေလို့ အခုဆိုအိမ်တောင်သိပ်လာတော့တာမဟုတ်ဘူး။ကျွန်တော်လဲ မသင်္ကာလို့ တီတီ့ဆီလာတိုင်ပင်တာပေါ့။လေးလေးကျ သိပ်မယုံလောက်ဘူးထင်လို့""အင်း..ဒီလိုလုပ်ကြမလား။တီတီ့အသိ နတ်ဆရာမတစ်ယောက်ရှိတယ်။သွားမေးကြမလား"
"အဲ့လိုလုပ်ကြမလား"
"လုပ်ရမယ်Jeon..တကယ်လို့Jeonပြောသလိုသာဆို ဆရာလေးနဲ့Jeonကို အနှောင့်ယှက်ပေးချင်လို့နေမှာ။ဘာလို့ဆို တီတီတို့မှ Jeonကြုံသလို မကြုံဖူးတာ"
ခေတ်ပညာတတ်တစ်ယောက်ဖြစ်ပေမဲ့ တီတီဟာ ဒါတွေမရှိနိုင်ဘူးဟု ဘယ်တော့မှမတွေး။လေးလေးကတော့ ထိုသို့မဟုတ်သည်မို့ တီတီနှင့်လာတိုင်ပင်ခြင်း။
"ဟုတ်ကဲ့ တီတီ။ဒါဆိုကျွန်တော်တို့မနက်ဖြန်သွားလို့ရလား"
"ရတာပေါ့။ဒါနဲ့လေ Jeon.."
"ဟုတ်..."
"Hanလေးဆိုတဲ့ကောင်လေးအခြေနေရော..ရှာတွေ့ပြီလား"
ခေါင်းခါပြတာမို့ သူမလည်း ထပ်မမေးတော့ဘဲ ထပ်သိချင်သည့်အကြောင်းရာကိုမေးတော့သည်။
"Jeonကိုတီတီ မေးမယ်။အမှန်တိုင်းဖြေရမယ်နော်"
"ဟုတ်"
"ဆရာလေးနဲ့Jeonတို့အခြေနေကရော.."
"ဟို..ဟို"
ဖြေဖို့တွန့်ဆုတ်နေသောJeonလက်တွေကိုကိုင်လိုက်ကာ ရဲရဲကြီးဖြေလိုက်ဆိုသည့်ပုံနှင့် မျက်လုံးမှိတ်ပြသည်။
"ကျွန်တော်..မသိဘူးတီတီ"
"လူတိုင်းမှာအချစ်ဦးဆိုတာရှိပါတယ်Jeon..ဒါပေမဲ့ ငယ်ရွယ်စဥ်စိတ်ကစားမှုကြောင့်ဖြစ်လာတဲ့ အမျှင်အတန်းကို အချစ်လို့ခေါင်းစဥ်မတပ်စေချင်ဘူး။ ဒီတစ်ခေါက်တော့Jeonသေချာစဥ်းစားဆုံးဖြတ်နိုင်မယ်လို့ တီတီယုံကြည်တယ်"
YOU ARE READING
Past Means Traumatic Story(Complete)
Fanfictionအတိတ်ကနာကျင်စေတယ်ဆို ......အနာဂတ်ကရောမျော်လင့်ချက်ရှိသလား~~~~