အေးချမ်းခြင်း၊ငြိမ်းချမ်းခြင်းဆိုတာဘာလဲ။ဘယ်လိုမျိုးလဲ။ရယ်မောခြင်းတွေရဲ့နောက်မှာ ငိုကြွေးခြင်းတွေပါလာမည်ဆိုးတဲ့ စိတ်မလုံခြုံခြင်းတွေရှိနေသရွေ့ အေးချမ်းမှုအရိပ်ရော၊ငြိမ်းချမ်းမှုပန်းတိုင်ရော ရှာမတွေ့နိုင်ဘူး။သို့ပေမဲ့ သည်တစ်ခါတော့Jeon ဟာ လွတ်လွတ်လပ်လပ်ရယ်မောနိုင်ခဲ့ပါပြီ။ငါ့အပိုင်ဟု စိတ်လွတ်လက်လွတ်နာမည်တပ်ကာ ချစ်နိုင်ခဲ့ပါပြီ။
"ငါတို့ မင်္ဂလာဆောင်ပြီးမှသွားပါလားHan"
"ငါကဘယ်လိုသတ္တိမျိုးနဲ့ မင်္ဂလာပွဲကိုကြည့်နေရမှာလဲ"
"Jungပြောတာအဲ့လိုသဘောမဟုတ်ပါဘူး။Jungမှာသူငယ်ချင်းဆိုလို့ မင်းပဲရှိ.."
"Jeonကကျွန်တော့်ကို သူငယ်ချင်းလို့တောင် သတ်မှတ်ထားခဲ့တာမဟုတ်ဘူး"
"ငါ့ကိုခွင့်လွှတ်လို့မပြောဘူး"
"ငါကလဲခွင့်မလွှတ်ပါဘူး။အဲ့တာကြောင့်စွန့်လွှတ်ခဲ့တာလေPsychoကောင်ရဲ့.."
"Hanလေး..!!"
Hanရဲ့လွန်ကြူးလာတဲ့စကားတွေအပေါ်Jiminဟာ စိုးရိမ်သွားပေမဲ့ Jungkook ကတော့ဖြင့် ခပ်ရေးရေးပြုံးနေသည်မို့ သက်ပြင်းသာချမိသည်။တကယ်ပဲ စိတ်ထိန်းနိုင်သွားပြီလား။
"ငါသွားမယ်။Hyung ကျွန်တော်သွားပြီ"
Jiminလည်း ထွက်သွားသူကိုနှုတ်ဆက်လက်ပြရုံကလွဲ ဘာမှထပ်မဆိုတော့ပေမဲ့ ဘေးကJungkookက ချက်ချင်းအိမ်ထဲပြန်ဝင်သွားတာမို့ အားတုံ့အားနာဖြစ်ရပြန်သည်။
"အကို မေမေ့ကိုသွားတွေ့ရအုံးမယ်။Binnကိုရော....လိုက်ခဲ့ချင်လားJung"
"ဟင့်အင်း"
"အင်းအင်း။ဟုတ်ပြီ။အဲ့တာဆို အကိုသွားလိုက်အုံးမယ်။Jung က အကိုကြိုက်တဲ့ခရုလေးသုတ်ထားပေးပါအုံး"
Jungနှုတ်ခမ်းပါးလေးဟာ ဆူလာသည်မို့ ဖြတ်ခနဲနမ်းကာ ကပျာကယာပြေးထွက်လာတော့လဲ Park Jiminမို့လို့ သိပ်ချစ်ဖို့ကောင်းခဲ့သည်။အရှင်းဆုံးအဖြေဟာ အနမ်းခံရသူရော၊နမ်းလိုက်သောသူရော သိပ်သိပ်ကိုချစ်စရာကောင်းနေခဲ့သည်။
× × × × × × ×
"အကျဥ်းသား နံပါတ်2673 ဧည့်တွေ့"
YOU ARE READING
Past Means Traumatic Story(Complete)
Fanfictionအတိတ်ကနာကျင်စေတယ်ဆို ......အနာဂတ်ကရောမျော်လင့်ချက်ရှိသလား~~~~