အား!!!!!!!!!!!"
အိပ်ယာထဲမှလူးလိမ့်ထကာ ရေသောက်ဖို့ပြင်နေတုံးစိုးရိမ်တကြီးပြေး၀င်လာသောသူကိုတွေ့သည်နှင့် Jungkook မျက်ခုံးတွေ့တွန့်ချိုးကုန်သည်။
"မပြန်သေးဘဲဘာလုပ်နေတာလဲ!!!ခွင့်ပြုချက်မရှိဘဲဘာလို့၀င်လာတာလဲ!!!"
"အာ....ညီလေးကမနေ့ထဲကတစ်မျိုးဖြစ် နေတာစိတ်မချလို့လေညကျတစ်ခါပြန်လာကြည့်တာဖျားနေမလားဆိုပြီး တကယ်လဲဖျားနေတာပဲ လာ ချွေးသုတ်ပေးမယ်"
Tissueတစ်ရွက်ကိုထုတ်ကာသုတ်ပေးတော့မည်ငြား ပုတ်ထုတ်ခံလိုက်ရတဲ့လက်လေးတွေ။
"မလိုဘူး ထွက်သွား!!!!"
"မထွက်သွားဘူး ဖျားနေတာကို ဘယ်သူကများဂရုစိုက်ပေးမှာတဲ့လဲ"
"ဆရာတစ်ယောက်ကအဲ့လိုပဲအားယားနေတာလား!!!စာမသင်တော့ဘူးလား!!!"
"ဟုတ်တယ် ငါကမင်းအတွက်ဆိုအားတယ်"
ကိုယ်ကတော့ဘာရယ်မဟုတ်ပြောလိုက်ပေမဲ့ သူကတော့ မျက်လုံးစိမ်းကြီးနဲ့မော့ကြည့်လာတာ ကိုယ့်လိပ်ပြာလွင့်မတတ်။
"ဒီမှာJungkook ငါကငါ့ဘ၀ကိုသလဲသီးလိုပိုင်းခြားထားတာ..ဘယ်ဟာလူမှုရေး..ဘယ်ဟာငါ့တာ၀န် ဘယ်ဟာကငါ့တပည့်တွေအတွက်ဆိုတာငါသိတယ်..အခုက...အခုက..အမြင်မတော်လို့ကွာ...
ရပြီလား။အဲ့တာကြောင့်မို့ စိတ်ထဲအရမ်းကြီးတင်းမထားလဲရတယ်"ဒုတိယအကြိမ်နှလုံးသားေလးခုန်လာရပြန်ပြီ။မတူတာကဒီတစ်ခါကပိုနွေးရပါသည်။သေချာတွေးကြည့်မှ လျှို့ဝှက်ချက်တွေ သိသွားပြီလားဆိုသည့်အကြည့်နှင့်ရင်တုန်လာရသည်။
"ကျောင်းဆရာဆိုတဲ့အတိုင်းစကားတွေတအားတတ်နေပါ့လား!!"
"အ!!!!...နာတယ်....လွှတ်!!!"
မျက်နှာတစ်ခုလုံးကို လက်တစ်ဖက်ထဲနဲ့ကိုင်ကာဖျစ်ညှစ်တော့ နာလိုက်သည့်အဖြစ်။မျက်ရည်တောင်၀ဲရသည်။
"အကို အရမ်းနာတယ် Jungkookရယ်"
မျက်ရည်တစ်ပေါက်ကျလာတော့မှ Jungkookအသိဝင်ကာ Jiminကိုလွှတ်မိလိုက်သည်။ဖြူဖွေးနုနယ်နေသောပါးဖောင်းဖောင်းလေးပေါ်မှာ ရဲတွတ်နေသောလက်ချောင်းရာများ။
YOU ARE READING
Past Means Traumatic Story(Complete)
Fanfictionအတိတ်ကနာကျင်စေတယ်ဆို ......အနာဂတ်ကရောမျော်လင့်ချက်ရှိသလား~~~~