15

2.2K 189 17
                                    

တစ်ညလုံးငိုထားတဲ့အရှိန်ကြောင့် ခေါင်းဟာ အဆမတန်ကိုက်ခဲလာပြီဖြစ်သည်။ထို့ကြောင့် ငြိမ်ငြိမ်လေး နံရံအားမှီနေတုံး ကြားလိုက်ရတဲ့အသံတစ်ချို့ကြောင့် Jimin တံခါးနားကိုကပ်ကာ နားထောင်ကြည့်မိသည်။

"နင်လုပ်တာမလားLee Han..!!"

"စိတ်ကိုလျှော့ထားမှာပေါ့Binnရယ်။ကိုယ့်လူထိတော့မှ နာတတ်သလား"

Jiminကြားလိုက်ရတဲ့မိန်းမတစ်ယောက်ရဲ့အသံသည် မသေချာပေမဲ့ နာမည်ကိုတိုက်ရိုက်ခေါ်လိုက်တဲ့အခါ Jiminခြေထောက်တွေခွေချသွားခဲ့သည်။ဘာတွေလဲ။ဘယ်လိုပတ်သတ်နေကြတာလဲ။

"နင့်ဘာသာနင် Jeon Jungkookကိုယူချင်သပဆိုယူသွား။ဖမ်းပဲချုပ်ချုပ်၊ ခိုးပဲထားထားငါဂရုမစိုက်ဘူး။ဒါပေမဲ့ နင်အခုဖမ်းထားတာငါ့အစ်ကိုဟဲ့။ငါ့အစ်ကို..!!"

"ဒါဆိုKamကရော..??"

တိတ်ကျသွားသော အသံတွေသည် အဖြေပြန်မလာပေမဲ့ ဆင့်ကာထပ်လာသောမေးခွန်းများ။

"Kamဘယ်မှာလဲ...!!"

"ငါ့ကို အကိုကစိတ်ဆိုးနေတာ။ငါ့ကိုအဆက်သွယ်လဲမလုပ်ဘူး။အခုဆက်ရမယ်။ကလေးလေးအတွက်လိုအပ်တာတွေ..."

"အရူးထမနေနဲ့။Kamကသေသွားပြီ။Binn သောက်ရူးမထနေနဲ့။Kamဘယ်မှာလဲသာပြော။Kamကညတိုင်း တငိုငိုတရီရီနဲ့။ဒါကကောင်းကောင်း သွားရတဲ့သူလား.."

"မဟုတ်ဘူး...!!အကိုကငါ့နားမှာ..."

"ငါ့နားမှာဘာဖြစ်လဲ..!!ဘာဖြစ်လဲလို့ငါမေးနေတယ်လေ.."

"နာ..နာတယ်"

ပုခုံးကိုကြမ်းတမ်းစွာလှုပ်ကိုင်မေးတော့ လေသံဖျော့လေးနှင့်ပြန်ပြောလာတာမို့ လွှတ်ပေးလိုက်ရသည်။လေသံမာမာနှင့် ခြောက်လန့်လိုက်လျှင် ဖြူဖတ်ဖြူလျော့ဖြစ်သွားသည်က Han Binnရဲ့အကျင့်။

"ပြန်တော့ Binn"

"ကိုကို့ကိုပြန်လွှတ်ပေးပါ Han ငါတောင်းဆိုတာပါ"

"ငါ့သူငယ်ချင်းရှိတဲ့နေရာ ပြောရင်ချက်ချင်းလွှတ်ပေးမယ်"

"ငါနဲ့မှအဆက်သွယ်မရတာ"

"ကျစ်...!!"

စိတ်ပျက်သလိုကျစ်စုတ်သပ်လိုက်ပေမဲ့ လက်ထဲရောက်လာတဲ့ snowballသေးသေးလေးကြောင့် မျက်ခုံးပင့်ကြည့်ပေးလိုက်သည်။

Past Means Traumatic Story(Complete)Where stories live. Discover now