❗️ plotအရ ရင့်သီးတဲ့စကားလုံးအသုံးတွေပါတာမို့FicကိုFicလိုဖတ်ပေးပါ။ဆဲဆိုတာတော့မပါပါ။❗️
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
"CTရိုက်ထားတုန်းမို့ ဆေးစစ်ချက်ထွက်လာမှ ကျွန်တော်တို့အခြေနေသိရမှာ..အခုက ရမ်းလုပ်လို့မရတာဆိုတော့လေ နည်းနည်းလေးတော့ နာတာ အောင့်တာသက်သာအောင်လုပ်ပေးထားတယ်။ဆေးစစ်ချက်ရတာနဲ့ လိုအပ်တာေတွလုပ်ပြီးရင် တန်းခွဲစိတ်မှာပါ။လူနာရှင်မိဘတွေကိုလဲ ဆက်သွယ်ပြီးပြီပြောပါတယ်""ဆေးစစ်ချက်ကဘယ်လောက်လောက်ကြာမလဲ သူငယ်ချင်း"
"2ရက်လောက်တော့ကြာမယ် Namjoon"
"အခုချက်ချင်းမရဘူးလား!!!"
"Jungkook မလုပ်ရဘူးလေ!!"
ဆရာဝန်ရဲ့အင်္ကျီကော်လံလည်ပင်းကို ဆွဲကာ မေးနေပုံက ခြိမ်းခြောက်နေသည့်ပုံနှင့်ပင် တူနေတာမို့ Namjoonတားရသည်။
"ပုံမှန်ဆိုတစ်ပတ်လောက်ကြာတာပါ။ကျွန်တော်Namjoonမျက်နှာနဲ့မို့ မြန်အောင်အကူညီတောင်းထားတာပါ"
"ငါတောင်းပန်ပါတယ်ကွာ။သူကအရမ်းစိတ်ပူနေလို့"
"ငါနားလည်ပါတယ်။ငါသွားတော့မယ်နော်...ငါ ဒီညNight dutyရှိတယ်။တစ်ခုခုဆိုလာမေးလေနော်"
"ခင်ဗျား.."
ဆက်ပြောချင်နေပုံရတာကြောင့် Namjoonမှ ICUအခန်းရှေ့က ဆွဲထားရသည်။
"ဘယ်လိုဖြစ်နေတာလဲJungkook...ဒါလုပ်ထုံးလုပ်နည်းအတိုင်းလုပ်နေတာလေ"
"ချက်ချင်းရဖို့ ကျုပ်ငွေဘယ်လောက်ပေးရမလဲ!!!ငွေပေးရင်မရနိုင်ဘူးဆိုတာမရှိဘူး!!! လောကမှာငွေပေးရင်..."
တစ်ခုခုကိုသတိရသွားသော Jungkookသည်ချက်ချင်းပင်ငြိမ်ကျကာ ခေါင်းကဆံပင်တွေကိုဆွဲဖွလိုက်သည်။
"မင်းကိုဒီလိုပုံစံနဲ့မို့ စိတ်မချလို့ ငါလိုက်လာခဲ့တာမှန်သွားတယ်Jungkook"
နှစ်ဦးသား ဘာမှဆက်မပြောဖြစ်တော့သည်က အခန်းထဲက nurseေတွနဲ့အတူထွက်လာတဲ့ အိပ်ပျော်နေတဲ့လူသားလေးကြောင့်။
"ဖြည်းဖြည်းတွန်းပေးစမ်းပါ!!!!တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ!!"
YOU ARE READING
Past Means Traumatic Story(Complete)
Fanfictionအတိတ်ကနာကျင်စေတယ်ဆို ......အနာဂတ်ကရောမျော်လင့်ချက်ရှိသလား~~~~