6

2.1K 204 9
                                    

"Jungkookလား..အဲ့မှာဘာလုပ်နေတာလဲ"

ရွာလူကြီးဦးလေးSanအိမ်နားမှာရစ်သီရစ်သီနှင့် လုပ်နေတာကြောင့် Namjoonမေးလိုက်ခြင်း။သူ့အသံကြားတော့  ဒေါသကြီးသူသည်မျက်နှာသေဖြင့်ပြန်ကြည့်လာတာကြောင့် Namjoonခမျာ သက်ပြင်းချမိသည်။တစ်မြို့ထဲတစ်ရွာထဲကိုယ့်ဘာသာကိုယ်နေပြီး သူတို့ပဲကြောက်နေသည်ကမဟုတ်သေးပေ။

"Jiminသတင်းလာမေးတာလားJungkook"

"ခင်ဗျားနဲ့ဆိုင်လား"

သက်ပြင်းကြားကခိုးပြုံးမိလိုက်ပါသေးသည်။ဒီကောင်လေးက နားလည်ရခက်တဲ့ကောင်ငယ်လေး။

"ဒါဆိုမ၀င်ဘဲ ဘာလုပ်နေလဲလာလေ"

"ကျုပ်မ၀င်ချင်တော့လို့ ခင်ဗျားပဲဝင်လိုက်..လူပေါင်းစုံရှုပ်ယှက်ခတ်နေတာ ကျုပ်မ၀င်ချင်ဘူး"

"အေးကွာ အဲ့တာဆိုငါသွားမယ်"

သည်းခံခြင်းပါရမီကို Namjoonသည်အပြည့်အဝပုံဖော်နိုင်သည်။ခွင့်လွှတ်ခြင်းအနုပညာကို Namjoonတဖက်ကမ်းကျွမ်းကျင်သည်။ပြတ်သားခြင်း ဘာသာရပ်ကိုလဲ Namjoonဂုဏ်ထူးထွက်ခဲ့သေးသည်။ထိုအခြေနေတွေနဲ့ပြည့်နှက်နေတဲ့ လူသားပေမို့ Jeon Jungkookသည် Namjoonအပေါ် သိပ်ပြဿနာရှာမရဲခဲ့။မသိစိတ်လေးထဲရော သိသိသာသာပါ လေးစားမှုလေးတော့ရှိခဲ့သည်။

"ဒါနဲ့Jungkook.."

"..."

"လောကမှာ ဘာက အလွယ်ကူဆုံးနဲ့အခက်ခဲဆုံးလဲသိလား"

"ဆရာ၀န်ဆိုတဲ့အတိုင်း နုယွမနေနဲ့...ဒဲ့ပြော"

"ကိုယ့်ကိုကိုယ်အပြစ်တင်တာကအလွယ်ဆုံးနဲ့ ကိုယ်ကိုကိုယ်ခွင့်လွတ်တာကအခက်ခဲဆုံးတဲ့။အတိတ်မှာဘာပဲဖြစ်ဖြစ်မင်း အပြစ်လို့တွေးထင်ပြီး လူေတွကိုရှောင်ဖယ်မနေပါနဲ့Jungkook..မင်းသူ့ကိုတွယ်တာနေတာ မင်းSocialထဲ နည််းနည်းစိတ်သက်သာရာရ နေပြီဆိုတဲ့သဘောပဲလေ။မင်းသာတစ်ခုခုဖြစ်စေချင်စိတ်ရှိရင် မင်းကိုယ်တိုင်စိုးရိမ်လွန်ပြီးစိတ်ပူပါ့မလား"

Namjoonပြောသမျှစကားကို မေးရိုးတွေတင်းထွက်သည့်အထိ ငြိမ်နားထောင်ပြီးမှ ထွက်သွားသူကိုNamjoon ဒီတစ်ခါတော့နားမလည်ပေးနိုင်တော့ပေ။

Past Means Traumatic Story(Complete)Where stories live. Discover now