ဆရာလေးရေ.. လာကြိုမလို့လူလွှတ်ခိုင်းတာ လမ်းမှာကားဘီးပေါက်နေလို့တဲ့ တကယ်မပြောချင်တော့ပါဘူး"
"အခုကျွန်တော်လဲရောက်နေပြီပဲကို ကလေးတွေကိုမဆူပါနဲ့ဗျာ"
မျက်လုံးလေးတွေမှိတ်သည်အထိ ပြုံးပြကာပြောပြတော့ အနားမှာရှိတဲ့သူတွေအကုန်ငေးခနဲ။
"ကဲ ဆရာလေးရေ အခန်းလဲပြင်ပြီးပြီ။ထမင်းပွဲလဲ ပြင်ပြီးပြီ။အေးအေးဆေးဆေးအနားယူလို့ရအောင် အခန်းထဲမှာ TVလေးပါထည့်ထားပေးတယ်"
"ရပါတယ်ဗျာ တကူးတကကြီး.."
"ဦးလေးSan..ဒီမှာဦးေလးမှာထားတာတွေ"
သူ့ကားကိုဆီဖြည့်ပေးထားသောသူမို့ အံ့သြမိပေမဲ့သူကတော့သတိတောင်မထားမိပုံ။
"လူေလး Jungkook ထားခဲ့လေ"
"ကျုပ်သွားပြီ"
"Jungkook.."
နာမည်လှလှလေးမို့ တိုးတိုးလေးရွတ်လိုက်သော်ငြား ဦးလေးsanဆိုသော လူကကြားသွားသေးသည်။
"ဟုတ်တယ် ဆရာလေးရေ ဒီတစ်ရွာလုံးမှာအချမ်းသာဆုံးကတော့ jungkookဆိုတဲ့လူငယ်လေးပဲ။ ပြောင်းလာတာတော့ ၄ ၅နှစ်လောက်ပဲရှိအုံးမယ်ထင်တယ်။အခုပဲကြည့်ပါလား နွားနို့တွေ အသားတွေထည့်ပေးလိုက်တာ မြို့ကဆရာလေးလာမယ်ဆိုလိုနဲ့တူတယ်။ကဲ ဆရာလေးလဲကားမောင်းလာရတာဆိုတော့ နားတော့လေ"
"ဟုတ်ကဲ့ပါဦးလေးSan ကျေးဇူးတင်ပါတယ်"
Jiminလဲနှုတ်ဆက်ပြီး Jungkookဆိုသောထိုသူလေးအကြောင်းစဥ်းစားနေလိုက်သည်။ဘယ်လိုတောင်ဖူးစာဆုံလိုက်သလဲ။
"ထပ်တွေ့ချင်လိုက်တာ"
× × × × × × × ×
"Jungkook လာကြည့်ပါအုံး။ ဒီရေလေးတွေကိုကြည့်..အနီရောင်လေးတွေ""ဟုတ်ပ လှလိုက်တာနော်"
"မင်းရဲ့သွေးတွေလောက် ဘယ်လှမလဲJungkookရယ်.."
"မင်း!!!..လွှတ်!!!လွှတ်!!"
ရေကန်ထဲကို ခေါင်းကိုအတင်းနှစ်ချနေတာကြောင့် သူမွန်းနေချေပြီ။အတင်းကုန်းရုန်းထကာအော်မိတော့ ထုံးစံအတိုင်းအိပ်မက်။အိပ်မက်တွေသည် တဖြည်းဖြည်းနှင့်ပိုဆိုးလာသယောင်။နာရီကြည့်တော့ မနက်5နာရီဖြစ်နေပြီမို့ သူထဖို့ပြင်လိုက်ရသည်။
YOU ARE READING
Past Means Traumatic Story(Complete)
Fanfictionအတိတ်ကနာကျင်စေတယ်ဆို ......အနာဂတ်ကရောမျော်လင့်ချက်ရှိသလား~~~~