နောက်ထပ်မပတ်သတ်ဘူး!!!Park Jiminနဲ့ဘယ်တော့မှ ထပ်မပတ်သတ်ဘူး။ပြန်မယ်..ပြန်မယ်..မနေဘူး!!"
"Jeon"
ကျလာတဲ့မျက်ရည်တွေကိုသုတ်၊အထုတ်ကိုဆွဲကာ ပါးစပ်ကလဲတပြောပြောနှင့် ထွက်မည့်ဆဲဆဲ ကြားလိုက်ရသောအသံကြောင့် ခန္ဓာကိုယ်သည် တောင့်တင်းသွားသည်။ဝဋ်ကြွေးထဲမှာ စိတ်နဲ့ဆပ်ရတဲ့ ဝဋ်ကြွေးက ကြောက်ဖို့အကောင်းဆုံး။
"Kam!!!!"
"ငါလာခေါ်တာပါ Jeon"
"မဟုတ်ဘူး!!!မင်းကသေသွားပြီ။ငါ့ကိုလာခေါ်လို့မရဘူး!!"
"ခေါ်လို့ရပါတယ်လာပါ"
တဖြည်းဖြည်းသူ့ဆီလျှောက်လာသော ထိုလူသားမျက်နှာပေါ်တွင် ခေါင်းမှတဖြည်းဖြည်းစီးကျလာသော သွေးအလိမ်းလိမ်းဖြင့် လက်ယက်ခေါ်နေသည်မှာ ကြောက်စရာအတိ။
"သွား!!!"
"အ!! အီး!!ဟီး!!ဘာလို့ကျွန်တော့်ကိုပစ်ပေါက်တာလဲ!!"
ပန်းအိုးနဲ့ပစ်ပေါက်လိုက်တော့ ထွက်လာတဲ့အသံကြောင့် သူထိုလူကိုကြည့်မိတော့ Hanလေး။ထိုအခါမှချွေးတွေနဲ့သူသည် သက်ပြင်းချကာ တုန်တုန်ရီရီHanလေးနားကပ်သွားသည်။
"အဆင်ပြေရဲ့လား လာလာ ငါဆေးထည့်ပေးမယ်"
"ရပါတယ် ရပါတယ် မုန့်စားချင်လို့မုန့်ဖိုးလေးနည်းနည်းလောက်ပေးပါလား"
လက်ဖြန့်ကာမုန့်ဖိုးတောင်းနေသော Hanလေး၏ခေါင်းက အနာကသိပ်မကြီးသော်ငြား သူ့ေကြာင့်ဖြစ်သွားတာမို့စိတ်တော့မကောင်းခဲ့။
"အေး ရော့ရော့!ငါတို့ မနက်ဖြန်seoulကိုပြန်မယ်"
"ရေး...!!!"
ပေးလိုက်တဲ့ပိုက်ဆံကို ယူကာ ပြေးထွက်သွားသော Hanလေးကိုကြည့်ရင်း သူ့လုပ်ရပ်တွေမှန်ရဲ့လားပြန်တွေးနေမိခဲ့သည်။
× × × × × ×
"နင်ဘာပြောလိုက်တယ် Park jimin!""အဲ့တာကဘာလို့ အဲ့ကလေးရဲ့အပြစ်ဖြစ်ရမှာလဲ ေမမေ။ရည်းစားရှိမှန်းသိရက်နဲ့ ကြားဝင်တဲ့မေမေ့သမီးကြောင့် ဖြစ်ရတာမဟုတ်ဘူးလား။မေမေသမီးကမေမေ့သွေးအပြည့်ပါတာပဲ။ ဖေဖေ တစ်ဖက်သတ်ကြိုက်နေတဲ့သူကို မေမေကသိရက်နဲ့....!!နောက်ကျောဓါးထိုးသွားလို့ ဖေဖေကမုန်းခဲ့တာလေ။မေမေတို့တွေက စည်းစောင့်ခဲ့လို့လား!!!"
YOU ARE READING
Past Means Traumatic Story(Complete)
Fanfictionအတိတ်ကနာကျင်စေတယ်ဆို ......အနာဂတ်ကရောမျော်လင့်ချက်ရှိသလား~~~~