10

2.1K 190 10
                                    

"သတိရလာပြီလားမသိဘူး"

"မျက်လုံးလေးလှုပ်လာတယ်"

တီးတိုးပြောနေကြတဲ့အသံတွေကို Jiminတစ်စွန်းတစ်စကြားပေမဲ့ သူမျက်လုံးဖွင့်လို့မရ။သူသိလိုက်သည်က သူအသက်မသေခဲ့ဘူးပဲ။ဘယ်သူပဲဖြစ်ဖြစ်ပေါ့လေ သတိပြန်မလည်လာမှာကို အနည်းနဲ့အများတော့ စိုးရိမ်တတ်ကြတာပဲမလား။

စိတ်ကိုဖြည်းဖြည်းချင်းလျှော့ကာ မျက်လုံးကိုအသာဖွင့်ကြည့်တော့ ဦးလေးSanရောNamjoon hyungတို့အပြင် ဖေဖေတို့ပါတွေ့လိုက်ရတာကြောင့် သူ စိတ်သက်သာရာရသွားသည်။

ကြောက်နေခဲ့တာ။ကြောက်နေခဲ့လိုက်ရတာတွေများ... Jungkookကိုထပ်မတွေ့နိုင်တော့ရင်ဘယ်လိုလုပ်မလဲဆိုသည့် အတွေးတွေ သတိရရခြင်းဝင်လာခဲ့သည့်အဖြစ်။လက်မှာ ဆေးပိုက်တွေသွင်းထားရင်း လဲလျောင်းကာ ဘာမှမပြောနိုင်ပေမဲ့ အဖေဖြစ်သူက ချက်ချင်းလက်ကိုကိုင်ကာ အားပေးစကားပြောရှာသည်။

"လိမ္မာလိုက်တာ။နေကောင်းသွားပြီငါ့သားလေး။ကျေးဇူးတင်ပါတယ်"

သူ့လက်လေးနှစ်ဖက်ကိုကိုင်ကာ ဆိုလာတော့Jiminအလွန်ဝမ်းနည်းကာအားနာသွားရသည်။သူကတော့ ဖခင်ဖြစ်သူကိုပထမဆုံးသတိမရခဲ့။ထို့အပြင် သူပထမဆုံးမြင်နေရသူမှာလဲ Jungkookဟုတ်မနေခဲ့။

"Jiminဘာမှစိတ်မကောင်းမဖြစ်နဲ့နော်။Jungkookကလေ မင်းOperation roomထဲကထွက်လာပြီး အခန်းပြောင်းနေရာချပြီးမှပြန်သွားတာ"

စကားထဲတွင် Jungkookပါလာတော့ Jiminမျက်လုံးလေးတွေလက်ခနဲ။

"သားလေး အိပ်ပျော်နေတာ နှစ်ရက်လောက်တော့ရှိပြီ"

Jiminအဖေသည် Jiminအပေါ်သိပ်ကိုဂရုတစိုက်ရှိသည်မှာပေါ်လွင်သည်။သတိမေ့နေတယ်လို့​တောင် မသုံးဘဲနူးနူးညံ့ညံ့လေးတွေအမြဲတမ်းသုံးနှုန်းတတ်သည်ကို Namjoonသတိထားမိတော့ Jiminအပေါ် အားအလိုလိုကျသွားရသည်။

Jiminပြုံးပြကာ ခေါင်းညိမ့်ပြီးေနာက်ဦးလေးSanတို့ပါအားပေးစကားပြောနေတာကလွဲရင် တစ်ယောက်သောသူပဲ ရှိမနေတာပါ။ကျန်တာပြည့်စုံခဲ့သည်။
× × × × × × ×
"Jeon ဟိုကလေးအခြေနေဘာထူးလဲ"

Past Means Traumatic Story(Complete)Where stories live. Discover now