လေးလံနေသော မျက်ခွံများကိုအတင်းအားယူကာ ဖွင့်ကြည့်မိတော့ အဖြူရောင်မျက်နှာကျက်မို့ သူ့အိမ်မဟုတ်မှန်းတော့ သိလိုက်သေးသည်။စိတ်တွေပုံမှန်ဖြစ်အောင် ငြိမ်ငြိမ်လေးစုစည်းပြီးနောက် ခြေထောက်နားကလူကို ခေါင်းလေးအနည်းငယ်မော့ကြည့်လိုက်တော့ လက်နှစ်ဖက်ကိုယှက်ကာ ခေါင်းငိုက်စိုက်နေတဲ့ Jungkookကြောင့် တိုးတိုးလေးခေါ်လိုက်မိသည်။
"Jung..."
သူ့အသံကြားတော့ချက်ချင်း ခေါင်းထောင်လာသူသည် တစ်ညလုံးလဲအိပ်ရသေးသည့်ပုံလဲမပေါ်။
"နိုးလာပြီလားအကို"
လက်လေးတွေကိုကိုင်ကာ ပါးမို့မို့လေးတွေကို အနမ်းပေးနေသောJungkookသည် အနည်းငယ်စိတ်ရှုပ်နေပုံပေါ်နေတာတောင် ချောမောမှုကပျောက်မသွား။
"အကိုဘယ်ရောက်နေတာလဲ"
"အကိုအားနည်းပြီး မူးလဲသွားတာပါ။အခုဘာမှမဖြစ်တော့ဘူးနော်"
"Hanလေး..Hanလေးရော.."
မျက်နှာတစ်ခုလုံးကို လက်ဝါးနှစ်ဖက်ဖြင့်ပွတ်သပ် နေတာကြောင့် Jiminရဲ့စိုးရိမ်စိတ်တွေသည် တအားကိုမြင့်တက်လာပြီဖြစ်သည်။
"Jung..ငါ့ကိုဆွဲထူပါအုံး"
ခန္ဓာကိုယ်လေးအား ဆွဲထူပေးလာတော့လဲ လက်သေးသေးလေးနှစ်ဖက်နှင့် Jungkookပါးလေးတွေကိုကိုင်ကာ ချော့မော့မေးရသည်။
"ပြောပါအုံး။Hanလေးက..တစ်ခုခု"
"သတိမရသေးတာပါအကို။အသက်အန္တရာယ်တော့မရှိတော့ပါဘူး။ကျွန်တော်စိတ်ပူနေတာ အကို့ကိုပါ။အကို.."
"ဟင်.."
အခုမှသတိရသည့်သူကို အတင်းမှီတွယ်ကာ ခေါ်လိုက်ပုံက ကလေးတစ်ယောက်က ဖခင်တစ်ယောက်ကို ချွဲနေသည်နှင့်ပင်တူသည်။
ခန္ဓာကိုယ်ဘယ်လောက်ကြီးမားမား၊Tattooတွေ လက်တစ်ချောင်းလုံးပြည့်အောင် ဘယ်လိုပဲထိုးထားထိုးထား Jiminမျက်လုံးထဲတွင် Jungkookသည် အမြဲတမ်းငါတို့ကလေးလေးပဲ။
"ပြောလေJung"
"ဒီကိစ္စတွေရှင်းသွားရင် ကျွန်တော်တို့နှစ်ယောက်ထဲ ရွာမှာ ပြန်နေကြမလားအကို"
YOU ARE READING
Past Means Traumatic Story(Complete)
Fanfictionအတိတ်ကနာကျင်စေတယ်ဆို ......အနာဂတ်ကရောမျော်လင့်ချက်ရှိသလား~~~~