"Jung..Jungkook..အွတ်..အွတ်!!"
သူ့ကိုမြင်တာနှင့် ကြို့ပါထိုးသွားသည့် ကျောင်းဆရာကြောင့် Jungkook စားပွဲခုံပေါ်မှ ရေခွက်ကိုယူပြီး ရေအရင်တိုက်လိုက်ရသည်။ခဏကြာတဲ့ထိ ကြို့ကမပျောက်သေးတာမို့...
"ရပ်...!!!"
ဆိုပြီးအော်လိုက်တော့ လန့်သွားသောသူရဲ့ကြို့သည် ဘယ်စခန်းရောက်သွားမှန်းတောင်မသိတော့ပေ။
"အဆင်ပြေလား Park Jimin"
"ဟီး..ပြေတယ်။ပြေတယ်"
ပြေတယ်ဆိုပြီး သူ့ပါးနှစ်ဖက်ကိုဆွဲနေသောသူသည် တကယ်ပြေမနေပါဘူး။ပြေနေရင် သည်လို ရှက်စရာအပြုအမူကိုတောင်လုပ်မှာမဟုတ်ဘူး။
Jungkook အနည်းငယ်ရှက်စွာ လက်သေးသေးလေးနှစ်ဖက်ကိုဖယ်ရင်းထထွက်လာလိုက်သည်။
"Jungkook ခနလေးနေပါအုံး"
ခုံပေါ်မှာ ပိုက်ဆံကိုထားခဲ့ကာ Jungkookနောက်အမြန်လိုက်လာရသည်။ဟိုကမပြေးရုံတမယ် အမြန်လျှောက်နေတာကြောင့် ခွဲစိတ်ထားသော သူ့အဖို့ အမှီလိုက်နိုင်ဖွယ်ရာမရှိ။ချုပ်ရိုးက တဆစ်တဆစ်နှင့် နာလာတာမို့ အော်ချလိုက်သည်။
"Jeon Jungkook..!! ငါမလျှောက်နိုင်တော့ဘူးလေ!!"
ထိုအခါမှ အရှက်ကြီးနေသော ဒေါသ သမားကြီးသည် ခြေလှမ်းတွေပြန်လှည့်လာကာ သူ့ကိုဒေါသတကြီးဆူပူတော့သည်။
"ဘယ်သူက အနောက်ကလိုက်လာခိုင်းလို့လဲ။ဘာဖြစ်လို့ ခင်ဗျားတို့ မိသားစုက ကျုပ်နဲ့လာလာပတ်သတ်နေရတာလဲ"
"ငါမင်းကိုတွေ့လို့ အနောက်ကလိုက်လာတာ ဘယ်ကမိသားစုတွေပါလာတာလဲ Jungkook"
"ဪ ခင်ဗျားမိသားစုထိတော့ နာတယ်ပေါ့..!!"
"ကျစ်..!!!မဆိုင်လိုက်တာ Jungkookရယ်။အကို မင်းကိုလိုက်ရှာဖို့ ဆိုးလ်ကိုပြန်လာခဲ့တာ။မင်းကိုတွေ့လို့လိုက်လာတာ ဒါကိုမင်းအထင်လွဲနေလို့ ဘာလို့မိသားစုတွေပါလာတာလဲမေးတာ..။ပြဿနာတစ်ခုကို ကာယကံရှင်နှစ်ယောက်ပဲရှင်းရမှာလေ။မဆိုင်တာတွေ ဆွဲထည့်ပြောရင် အကြောင်းအရာကဝေးသွားလိမ့်မယ်"
"အပိုတွေ.."
Jiminသက်ပြင်းချကာ Jungkookလက်မောင်းလေးကိုချိတ်လိုက်တော့ Jungkookမျက်လုံးကြီးပြူးကာ လှည့်ကြည့်လာသည်။သို့ပေမဲ့ ခါးခါးသီးသီးမတွန်းထုတ်ခြင်းသည် Jiminကနေပုံမှန်မကောင်းသေးလို့လား။တခြားသောအကြောင်းတွေကြောင့်လားဆိုတာတော့ မသိနိုင်ပေ။
YOU ARE READING
Past Means Traumatic Story(Complete)
Fanfictionအတိတ်ကနာကျင်စေတယ်ဆို ......အနာဂတ်ကရောမျော်လင့်ချက်ရှိသလား~~~~