ဆိုးဝါးလွန်းလှသော အနံ့အသက်တွေကြောင့် Jiminမျက်လုံးဖွင့်ကြည့်တော့ မှောင်မဲနေတဲ့နေရာတစ်နေရာ။ကြိုးတွေဘာတွေနှင့် မချည်နှောင်ထားသောငြား တံခါးသည်ပိတ်ထားတာမို့ သူအရမ်းကြောက်လန့်နေပြီ။
'ကျွီ..'
တံခါးဖွင့်သံကြားလို့လှည့်ကြည့်လိုက်တော့ Hanလေးသည် လက်ကတစ်ခုခုကိုင်လာပုံရသည်။ကြောက်လန့်ကာ ကြမ်းပြင်ပေါ်ထိုင်ချမိလိုက်သည်။
"ဘာလို့ကျွန်တော့်ကိုမြင်တာနဲ့ အဲ့လောက်ကြောက်လန့်နေရတာလဲ"
"ငါ့ကိုဘာလို့ အခုလိုခေါ်ထားတာလဲ။မင်းအပေါ် ငါဘာများကျူးလွန်ခဲ့လို့လဲ"
"ဘာများကျူးလွန်လဲတဲ့..အဟက်..အဟက်"
ရွံစရာကောင်းစွာရယ်နေသူသည် မြင်တိုင်းအော့အန်ချင်စရာ။ဆံနွယ်တွေကို မထိမထိကိုင်လိုက်။မျက်နှာကို မဲ့ကာရွဲ့ကာလုပ်ပြနေသောသူနှင့် တစ်နေရာထဲဆုံနေရတာ တကယ့်ဘဝရဲ့ငရဲ။
"Kamကိုသိလား"
"ဘယ်ကKamလဲ။မင်းပထွေးတွေကို ငါကသိစရာလား။လွှတ်ကွာ..!!"
ရိုက်ဖို့ပြင်နေသောလက်တွေကြောင့် မျက်လုံးကိုမှိတ်လိုက်မိသော်ငြား ရိုက်ချက်သည်ကျမလာတာကြောင့် မျက်လုံးဖွင့်ကြည့်တော့ သူ့ကိုမျက်လုံးကြီးပြူးကာ ငုံ့ကြည့်နေတဲ့သူ။
ဒီအရူးနဲ့နှလုံးရပ်သေတော့မှာပဲ။
"Jeonရဲ့ရည်းစားဟောင်းလေ။သိမယ်ထင်နေတာ"
"ငါကအတိတ်ကိုစိတ်မဝင်စားဘူး"
ခပ်အက်အက်ရယ်သံတစ်ခုကြား အေးစက်စက်လေသံကြောင့် Jimin ရင်တွေတုန်ခနဲ။
"ဒါဆို လက်ရှိတော့စိတ်ဝင်စားလိုက်။ဘာလို့ဆို ခင်ဗျားသေရတော့မှာမို့"
လက်ထဲမှာကိုင်ထားတဲ့ ဆေးရည်ဗူးကိုသူ့လက်ထဲထည့်ပေးလိုက်သည်။
"ရော့..။သောက်လိုက်။ဘာမှမနာကျင်စေရဘူး"
'ခွပ်'
လက်သီးနှင့်ထိုးကာ ပြေးထွက်မည်ပြင်တော့ Hanလေးသည် အနောက်ကနေလိုက်လာကာ ကိုယ်ငယ်လေးအား ကြမ်းပြင်ပေါ်ပစ်ပေါက်လိုက်သည်။
YOU ARE READING
Past Means Traumatic Story(Complete)
Fanfictionအတိတ်ကနာကျင်စေတယ်ဆို ......အနာဂတ်ကရောမျော်လင့်ချက်ရှိသလား~~~~