"အကိုက တကယ်ပဲကျွန်တော့်ကိုထားသွားပြီ။ထားခဲ့သူကြီးရယ်..ဒီကကျန်ရစ်သူကြီးက ဘယ်လိုနေခဲ့ရမှာလဲ"
မှောင်မဲနေသောအခန်းထဲတွင် အစက်ပြောက်လေးတွေပါသော Lampကိုသာဖွင့်ထားပြီး Beerဗူးအမျိုးအစားအစုံလင်၊အရက်ပုလင်းမျိုးစုံကို ခုံပေါ်တွင်ချထားပြီး မျက်ရည်တွေဝဲကာ အော်ငိုနေသည့် စာဖတ်သူတို့ရဲ့ဒေါသသမားကြီးJeon..
မနက်၃နာရီခွဲကြီး ဟင်းတွေထချက်ကာ စားရင်းငိုနေသူသည် စပ်လို့ပါပေါ့။တကယ်တော့ မဟုတ်ပါ။Jiminသည် သူ့အဖေ မူးလဲလို့ဆိုသည်ကြောင့် ညတွင်းချင်းထကာ Seoulကိုပြန်သည်။သူ့အား နှစ်ခြိုက်စွာအိပ်နေရန်နှင့် ညဘက်ကားမောင်းတာစိတ်မချဟုဆိုကာ လိုက်လာလျှင်စိတ်ဆိုးမည်ဟုဆိုသောကြောင့် Jeon Jungkookတစ်ယောက်ဘူနေခြင်း။အထိတွေ့၊အနံ့လေးမရရင်ဖြင့် ချက်ချင်းနိုးလာတတ်သော Jeon Jungkookသည် သူများကြားလျှင် တစ်မျိုးထင်စေမည့်စကားတွေကိုသာ ငိုပြီးအော်ပြောနေမိမှန်းမသိ အော်ငိုနေမိသည်။
"Namjoon Hyung...!!"
Namjoonသည် မနက်အစောကြီးအိပ်ကောင်းနေတုံး အချိန်ဖုန်းလာသည်မို့ အရေးကြီးလူနာပဲထင်လိုက်ကာ ဖုန်းနံပါတ်သေချာမကြည့်ဘဲ ကိုင်လိုက်စဥ် အော်သံကြောင့် ဖုန်းတောင်ပြုတ်ကျပြီး မနေ့ကမှအသစ်လဲထားတဲ့ဖုန်းလေးကွဲသွားရှာပြီ။
"Jeon Jungkook..!!!ငါ့ဖုန်းအသစ်လေးကွဲသွားပြီ။ဘာလို့ သူများအိပ်ချိန်ကြီးဖုန်းဆက်ပြီး ဘာလို့လာ အော်နေတာလဲ"
"Hyungကဘာလို့အခုချိန်ထိ အိပ်နေရတာလဲ။ဆရာဝန်တစ်ယောက်ဖြစ်ပြီး စောစောထပြီးပြင်ဆင်ရမှာပေါ့။ကျွန်တော်တောင် အခုချိန်နိုးတာ ထမင်းတောင်ချက်ပြီးလို့ထစားနေပြီ။Hyungတို့က အဲ့တာပဲ ဝီရိယဆိုတာကိုမရှိတာ..."
"Jung..မအိပ်သေးဘူးလား။အကိုချက်ချင်းပြန်လာလိုက်တယ်.."
"ဟင်.."
'တီ'
ပြောချင်တာတွေပြောပြီး ချသွားသောဖုန်းကိုNamjoonကြည့်ပြီး သက်ပြင်းသာချမိသည်။သူ့ယောကျာ်းကို လွမ်းတော့လဲကိုယ်ပဲဆူခံရ၊ သူ့ယောကျာ်းက ချစ်တော့လဲကိုယ်ပဲကြွားခံရနေတာတွေကို ကြာတော့သည်းမခံချင်တော့ဘူး။
YOU ARE READING
Past Means Traumatic Story(Complete)
Fanfictionအတိတ်ကနာကျင်စေတယ်ဆို ......အနာဂတ်ကရောမျော်လင့်ချက်ရှိသလား~~~~