မျက်တောင်တစ်ဆုံးပဲကြည့်မိတဲ့အခါ အမှန်တရားဟာလဲ မတရားဘူးလို့ထင်မိသွားတတ်ကြတာပါပဲ.....။
"ဆရာလေး...အဆင်ပြေရဲ့လား။ဦးလေး ဆရာ၀န်သွားပင့်ခိုင်းထားတယ်နော်"
"ရပါတယ်ဦးလေးSan ကျွန်တော့်ကြောင့်ဒုက္ခတွေများကုန်ရပြီ"
ထို့နေ့ကအဖြစ်ပျက်ကို အမှုမဲ့အမှတ်မဲ့နေလိုက်ပေမဲ့ အခုရက်ပိုင်းသူသည် ကျန်းမာရေးတစ်နည်းမဟုတ်နှင့်တစ်နည်းဖြင့်ချူချာလာသည်။မနေ့ကပင် ချောင်းထဲပြုတ်ကျခဲ့သည်မို့ အသက်မသေတာပဲကျေးဇူးတင်ရမည်။ရေထဲကျသည့်အရှိန်ကြောင့် ခန္ဓာကိုယ်အနည်းငယ်နာကာ ဖျားခဲ့သည်။
"ရပါတယ်ဆရာလေးရယ်..ဟော ဟိုမှာပြောရင်းဆိုရင်းနဲ့ဒေါက်တာလေးတောင်လာပြီ"
ဆရာ၀န်ဆိုတော့ အသက်ရွယ်ခပ်ကြီးကြီးလူတစ်ယောက်လို့ထင်ထားတာ။အခုများတော့သူနဲ့မတိမ်းမယိမ်းအရွယ်လောက်ပဲရှိဟန်တူပ။ချောလိုက်တာများ။
"ဆရာလေးParkမလား"
"Doctorကကျွန်တော့်ကိုသိနေတယ်"
"သိတာပေါ့ဗျာ ကလေးတွေရဲ့ပါးစပ်မှာ ဆရာလေးPark က ရေပန်းအစားဆုံးပဲ"
"မြှောက်ပင့်လွန်းနေပြန်ပါပြီ"
"ကဲ အဖျားတိုင်းမယ်နော်"
ထိုင်နေရာမှပြန်လှဲကာ စမ်းသပ်စရာရှိတာစမ်းသပ်။မှာစရာရှိတာမှာနေပုံများ တိကျလိုက်ပါဘိ။
"အဖျားကတော့ ငွေ့ငွေ့လေးရှိသေးတယ်နော်။ဆေးလေးတော့တစ်လုံးထိုးပေးခဲ့မယ်။ကိုက်တာခဲတာပျောက်အောင်လေ ထိုးချင်လား"
"ဟုတ်ကဲ့ အမြန်သက်သာမယ်ဆိုထိုးလိုက်ပါdoctor"
"ကောင်းပြီ"
ဆေးထိုးပြီး ပြန်မည်လုပ်တော့ သူပါထနှုတ်ဆက်ဖို့ပြင်ရသည်။
"ရတယ်ရတယ်အေးဆေးနားနေပါ"
"ဟုတ်ကဲ့ပါdoctor"
"ကျွန်တော့်နာမည် Kim Namjoonပါ"
နာမည်ပြောပြီးပြုံးပြလိုက်သည်နှင့် ထင်ထင်ရှားရှားပေါ်လာသောပါးချိုင့်နက်တွေ။သိပ်ကိုအေးချမ်းတဲ့ အရှိန်အဝါလေးတစ်မျိုးပဲ။
YOU ARE READING
Past Means Traumatic Story(Complete)
Fanfictionအတိတ်ကနာကျင်စေတယ်ဆို ......အနာဂတ်ကရောမျော်လင့်ချက်ရှိသလား~~~~