Unicode
"Hanလေး..!!ကျေးဇူးပြုပြီးသားနဲ့ ဝေးဝေးနေပေးပါ"
"ကျွန်တော်တောင်းပန်ပါတယ် Jimin hyung.."
"အကိုတောင်းပန်စကားကြားချင်တာမဟုတ်ဘူး။ဟုတ် မပတ်သတ်ပါဘူးဆိုတဲ့စကားကိုကြားချင်တာ။သားကလည်း မင်းကိုမေတ္တာမှရှိမနေတာ။ကလေးကိုလမ်းလွဲရောက်အောင်မလုပ်ပါနဲ့။ဒီလိုခေါ်တွေ့ရတာ ဒါနောက်ဆုံးဖြစ်ပါစေ..အဖေကိုမရလို့သားကို.."
"Jimin hyung..!!"
အော်လိုက်သောအသံကြောင့် Coffeeဆိုင်ထဲကလူတွေကလှည့်ကြည့်လာကြသည်။Jiminသည်လည်း သူ့စကားတွေ လွန်သွားသည်ဆိုတာသိပေမယ့် သည်ကလေးကို သားအရင်းမဟုတ်သည့်တိုင် အနှစ်၂၀လုံးလုံး ကျွေးမွေးပြုစုခဲ့သည်မှာ တကယ့်ကိုမိဘရင်းသဖွယ်။ဖြူစင်သော ဖခင်မေတ္တာတွေ၏ နောက်တွင် အတ္တ လေးတွေတစ်စွန်းတစ်စပါလာခဲ့သည်မှာ အမှန်။
"အနှစ်၂၀ပါ Jimin hyung...အနှစ်၂၀လုံးလုံး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နေခဲ့တာပါ။ထိန်းထိန်းသိမ်းသိမ်းနေခဲ့တာပါ။ဒါကိုJeonအသိဆုံးပါ။Jeonကိုမရလို့ သားကိုမှန်းတယ်ဆိုတဲ့စကားမျိုးထပ်မပြောပါနဲ့။Hyungရဲ့သားကရော ကျွန်တော့်ကိုတကယ်ပဲမေတ္တာမရှိတာ ဟုတ်ရဲ့လား။အဖေဖြစ်သူကို ကြောက်လို့လားဆိုတာ သေချာအောင်ပြန်မေးလိုက်ပါဦး"
"ငါ့သားကို အထင်သေးတဲ့လေသံနဲ့မပြောနဲ့"
"အဲ့ဒါဆို ကျွန်တော့်ကိုလည်း အထင်သေးတဲ့လေသံနဲ့မပြောပါနဲ့။ကျွန်တော်လည်း ကျွန်တော့်အမေရဲ့အဖိုးတန်သားပါ"
Hanလေးဘက်ကကြည့်ရင်လည်း မမှားတာမို့ Jiminဟာ စိတ်အရမ်းရှုပ်ထွေးလာရသည်။ဒါတွေရဲ့ တကယ့်အဓိကတရားခံက Jungပင်ဖြစ်သည်။သူကိုယ်တိုင်က သဘောတူနေတာ။အောင်သွယ်ပေးနေတာ။အသက်ရလာတာနဲ့အမျှသွေးတိုးစရာတွေချည်း။
••••••••••••
••••••••••••
"Jeon Jung Min...!!ထွက်လာခဲ့စမ်း..""ဘာဖြစ်လို့လဲအကို..သားမရှိဘူး။အပြင်ထွက်သွားတယ်"
"ဘာ...!!ဘယ်ကိုလဲ..!!"
"သူငယ်ချင်းအိမ်လို့တော့ပြောသွားတာပဲအကို.."
YOU ARE READING
Past Means Traumatic Story(Complete)
Fanfictionအတိတ်ကနာကျင်စေတယ်ဆို ......အနာဂတ်ကရောမျော်လင့်ချက်ရှိသလား~~~~