ယနေ့ညနေJungkookပြန်မည့် သတင်းကိုJiminကြားသည်။စိတ်၂ခွမှာ တစ်ဖက်က ေပြးတွေ့လိုက်ချင်သည်။တစ်ဖက်က မတွေ့ချင်ပေ။တကယ်ကြီး သူ့ကြောင့်ပြောင်းတာလားဆိုတဲ့အတွေး ဝင်မိသည်။
"လူေလးjungkook မကြာမကြာလာလည်နော်"
"အစ်ကိုလေး..Hanလေးလဲလိုက်ချင်တယ်...အစ်ကိုလေးကပြန်မလာတော့ရင်ဘယ်လိုလုပ်မလဲ"
"လူေလးJungkookကပြန်လာမှာ...အဲ့တာကြောင့်Hanလေးက မဆိုးရဘူးလေ..."
"အီး..ဟီး..ဟီး..လိုက်မှာ...Hanလေးမပါရင်မပြန်ရဘူး!"
"ခေါ်သွားမယ်..ခေါ်သွားရင်ပြီးရောမလား..မင်း ပါးစပ်ကိုပိတ်ထား!!!!"
Jungkookသည် ထောင်ထဲမှာထဲက နားငြီးတဲ့ဒဏ်ကိုမခံစားနိုင်တော့တဲ့သူတစ်ယောက်။နားငြီးလာလေလေ စိတ်ရှုပ်လာလေလေ စိတ်ရှုပ်လာလေလေ နားကိုက်လာလေလေကြောင့် ပြီးပြီးေရာပိတ်အော်လိုက်မိသည်။
အခန်းအပြင်ဘက်ကပြောလိုက်တဲ့စကားသံကြောင့်Jimin အနည်းငယ်စိတ်လှုပ်ရှားသွားသည်။သွေးမတော်သားမစပ်သူစိမ်းကောင်လေးကို Jungkookကဘာကြောင့် လိုက်လျောပေးတာလဲ။သနားတယ်ဆိုတဲ့စိတ်ကြောင့်လား။ဦးလေးSanမျက်နှာကြောင့်လား။ဒါမှမဟုတ် စိတ်မရှည်တော့လို့ပြောမိရာပြောလိုက်တာလား။အခန်းထဲတွင် လားပေါင်းများစွာနှင့် တွေးလိုက်မေးလိုက်ငေးလိုက်ဆွေးလိုက်လုပ်နေသူသည် သူ့ကိုမသိစိတ်လေးကတွေ့ချင်လို့ တကူးတကဦးလေးSanအိမ်လာနှုတ်ဆက်တဲ့သူရှိတယ်ဆိုတာသိရင် အခြေနေတွေတစ်မျိုးပြောင်းသွားမည်လား။
"ဆရာလေးကို နှုတ်ဆက်သွားအုံးမလား"
"ရတယ်တော်ပြီ"
အဆုံးထိ သူ့အားကြည်ဖြူပုံမပေါ်သော ကောင်ဆိုးလေးကြောင့် Jimin အခန်းအတွင်း၌ နှာခေါင်းလေးရှုံ့မိသည်။
"ကျုပ်သွားတော့မယ်ကျုပ်အိမ်ကနို့စားနွားကို ဘာအကြောင်းနဲ့မှမသတ်ပါနဲ့။ ဒီမှာဦးလေးSanနဲ့ရွာသားေတွအတွက်"
လူဆိုးလေး။ငါကလွမ်းတော့ဘယ်လိုအလွမ်းဖြေရမလဲ။ မင်းအိမ်ကြီးကိုသွားဖက်ရမှာလား။မင်းရဲ့နွားမကြီးကိုသွားရင်ဖွင့်ရမှာလား။
YOU ARE READING
Past Means Traumatic Story(Complete)
Fanfictionအတိတ်ကနာကျင်စေတယ်ဆို ......အနာဂတ်ကရောမျော်လင့်ချက်ရှိသလား~~~~