အပိုင်း ၂၁

12.6K 344 46
                                    

"ကလေး...ကလေး...''

သားနဲ့သမီးကိုသိပ်နေရင်းအိပ်မောကျနေသော ကလေးကို စိုင်း မနှိုးချင်ပေမယ့် စိမ်း​လေး
ကိုစိတ်ပူလို့ ကလေးကိုတိုးတိုးလှုပ်နှိုးလိုက်သည်..ကလေးဖုန်းဖြင့်စိမ်းလေးကိုခေါ်သော်လည်းမကိုင်..ခွန်းစစ်ကလည်းဖုန်းမကိုင်..လိုင်းပေါ်မှာခွန်းစစ်နဲ့သူ့ကောင်မလေးပုံတွေကတော်တော်လေးကိုပွထနေသလို negative commentတွေလည်းတအား..

"အင်းး..ဟင်...ကိုကို..ဘာဖြစ်လို့လဲဟာ..ကလေးအိပ်ချင်လို့ပါဆိုမှ..''

ကလေးက ပြောချင်ရာပြောပြီးပြန်အိပ်မည်လုပ်နေသောကြောင့် စိုင်း ကလေးကိုအတင်းဆွဲထူလိုက်ပီး

"စစ် ပြသနာတက်နေတယ်ကလေး..ဒိမှာကြည့်ကြည့် . ..ကိုကိုစိမ်းလေးကိုစိတ်ပူလို့''

စိမ်းလေးဆိုတဲ့အသံကြားမှ မျက်လုံးပွင့်လာသော သူ့မိန်းမလေး..

"ဟင်...ဘယ်မှာလဲ.ကလေးကိုပြ..ဘာဖြစ်တာလဲ..စိမ်းဘာဖြစ်လို့လဲလို့..အင့်..ဟင့်''

"မငိုနဲ့အုံးလေ ကလေးရယ်..ရော့..ဒိဟာအရင်ကြည့်လိုက်''

ကလေးလက်ထဲဖုန်းထည့်ပေးလိုက်ပြီး ကြည့်ခိုင်းတော့မှ ကလေးကသူ့လက်ပုပုလေးတွေနဲ့ ဝါးတားတားပုံတွေကိုအတင်းဖြဲကြည့်တော့သည်..Barမှာkissingဆွဲနေတဲ့ပုံတွေကဝါးနေပေမယ့်..ရင်းနှီးတဲ့သူတွေဆိုချက်ချင်းသိ​နိုင်လောက်သည့်ပုံများ ...

"တောက်စ်...$ကောင်..ငါ့စိမ်း ဘယ်လောက်ဝမ်းနည်းနေမလဲ..အင့်..ဟင့် ..''

"ကို ..စိမ်းလေးကို ကိုကိုဖုန်းခေါ်သေးတယ်..ဖုန်းမကိုင်ဘူးကလေး''

"ကလေးထပ်ခေါ်မယ်..မကိုင်မချင်းခေါ်မယ်..သူငိုနေမှာသေချာတယ်...အင့်...ဟင့်..''

ကလေးကဖုန်းကိုနားမှာကပ်ထားရင်းကျန်လက်တစ်ဖက်နဲ့သူ့ရင်ဘတ်ကိုထုရိုက်နေသေးသည်..

"ကိုကို့ညီမကောင်းဘူး...လူယုတ်မာ..မဂ်လာဦးညမှာသတို့သမီးအနားသတို့သားမရှိတဲ့ကိစ္စ ဘယ်လောက်ရင်နာစရာကောင်းမလဲ..စိမ်းဘယ်လောက်ခံစားနေရမလဲ..သူကိုယ်ချင်းမစာတတ်ဘူးလား..ကိုကို့ညီကိုအခုဖုန်းခေါ်ပေး..ကလေးနဲ့တွေ့မယ် ...ဒီကောင်ကိုကောင်းကောင်းကလော်တုတ်ချင်လို့..အင့်ဟင့်..''

မျှော်နိုင်သမျှ...(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ