အပိုင်း ၁၀

12.4K 297 5
                                    

..ကျောင်းချိန်စောနေသေးတာမလို့..စိမ်းနဲ့ချူးတို့ထိုင်နေကြအပင်ကြီးအောက်သို့ ၄ယောက်သားရောက်လာခဲ့သည်ထိ..ဘယ်သူမှစကားမဆိုဖြစ်ကြသေး...တိတ်ဆိတ်နေတဲ့အခြေအနေကို ချူးကစပီးအသံပြုလိုက်သည်..

"နင်တို့နှစ်ယောက်..စိမ်းကိုတောင်းပန်မယ်ဆို..အခုတောင်းပန်တော့လေ''

ထိုအခါမှ ဆက်ပိုင်ကလှုပ်လှုပ်ရှားရှားဖြစ်သွားပီး

"စိမ်း...စိမ်းလေး..နင်သိပီးပီမလား..ငါတောင်းပန်ပါတယ်...ခုလိုဖြစ်စေဖို့မရည်ရွယ်ပါဘူး''

စိမ်း ဆက်ပိူင်ကိုကြည့်ပီးသနားလာသည်..သူ့မျက်နှာထက်ဇီးရွက်ကပင်ကြီးအူံးမည်..

"ရပါတယ် ဆက်ပိုင်. ..ငါအားလုံးကိုခွင့်လွှတ်ပီးသားပါ''

ထိုအချိန်ထိခွန်းစစ်ကတုပ်တုပ်မလှုပ်သေး..ဆက်ပိုင်က လက်နဲ့အသာတို့ပီးသတိပေးမှ

"ငါလည်းတောင်းပန်ပါတယ် စိမ်းရွက်ဖူး.သဲကိုယ်စားလဲတောင်းပန်ပါတယ်..သူ့ကိုခွင့်လွတ်ပေးဖို့မတောင်းဆိုချင်ပေမယ့်..သူ့ကိုယ်စား ငါကပဲထပ်ပြီးတောင်းပန်ပါတယ်''

ချူး ကရွဲ့တဲ့တဲ့ဖြင့်

"ငါတော့..သားသမီးမကောင်းမိဘခေါင်းလို့ပဲကြားဖူးတာ..အခုတော့နင့်အဖြစ်က ချစ်သူမကောင်းရည်းစားခေါင်းဖြစ်နေပီ''

စိမ်း..ချူးကိုတစ်ချက်အသာလေးဆွဲစိတ်လိုက်ပီးဆက်မပြောဖို့ သတိပေးရသည်။

"ရ...ရပါတယ်ခွန်းစစ်. .ပီးခဲ့တာတွေအားလုံးကိုမေ့လိုက်ပါပီ...သူတောင်းပန်မှာကိုလဲငါမလိုအပ်ပါဘူး...ဖြစ်နိုင်ရင်သူနဲ့ထပ်မတွေ့ရတော့ရင်အကောင်းဆုံးပဲ။နောက်ထပ် သူအထင်လွဲစေတဲ့ကိစ္စမျိုး..ခွန်းစစ်တို့ကမလုပ်မိစေနဲ့ပေါ့...မိန်းကလေးတွေက..တကယ်ချစ်လာပီဆိုရင်..ဘသူနဲ့ပဲဖြစ်ဖြစ်သဝန်တိုတတ်ကြလ်ို့ပါ''

စိမ်းပြောနေတာတွေနားထောင်နေပေမယ့်
​​ခွနိးစစ်က ဘာမှပြန်မပြောဘဲ.လက်သီးကိုသာတင်းတင်းဆုပ်ထားတော့သည်..ကျောင်းရဲ့star. ...အချေခွန်းစစ်က မိန်းကလေးတစ်ယောက်ကိုတောင်းပန်ရတဲ့ကိစ္စဆိုတော့..သူ့မာနထိခိုက်လို့ဖြစ်နိုင်သည်ထင်ပ..

မျှော်နိုင်သမျှ...(Completed)Hikayelerin yaşadığı yer. Şimdi keşfedin