အပိုင်း ၃၇

16.1K 373 38
                                    

မျှော်နိုင်သမျှ..အပိုင်း၃၇

စိမ်း အားငယ်ဝမ်းနည်းနေချိန် စိမ်းအနားမှာနေပေးချင်ပေမယ့် အခြေအနေက..စက်ပစ္စည်းပေါက်ကွဲမှူကြောင့်အလုပ်သမား၂ဦး​ေသဆုံးပြီး ဝန်ထမိး အယောက်၃၀လောက်ထိခိုက်သွားလို့ဆေးရုံတင်ထားရသည်။ပေါက်ကွဲမှူဖြစ်စဥ်ကိုစစ်ဆေးဖို့ cctv recordကိုပြန်စစ်ဆေးတော့ ပေါက်ကွဲမှူမဖြစ်ခင်ကတည်းက cctvအားလုံးပျက်စီးနေတာသံသယဖြစ်စရာ..ကိစ္စကမြန်မြန်ပြီးပြတ်မယ်ထင်ပေမယ့် သံသယဖြစ်စရာရှိလာသောကြောင့် စုံစမ်းနေရသည်။

ကိုစိုင်း အဖွဲ့သားများအကူအညီဖြင့် လုပ်ကြံသူဘယ်သူဆိုတာ အစရှာနေရတာ..ဒီနေ့နဲ့ဆို၃ရက်ရှိပြီ..ကံကောင်းခြင်တော့ cctv recordတစ်ခုကျန်နေတာကြောင့် မကြာခင် သိရတော့မည်..စက်ရုံသတင်းကြားတော့ ဘိုးဘိုးရော..ဒယ်ဒီရောရောက်လာပြီး..ဝိုင်းဖြေရှင်းပေးကြသေးတာ..ဘိုးဘိုးနဲ့ဒယ်ဒီ့ကိုအားနာလို့ပြန်ခိုင်းတော့..ဘိုးဘိုးတို့ကမိသားစုတွေလေငါ့မြေးတဲ့...အိမ်မှာဘယ်လိုစိတ်နဲ့အနားယူနေနိင်မှာလဲ..မြေးဖြေရှင်းနိုင်တယ်ဆိုတာသိပေမယ့် ထိခိုက်ပျက်စီးဆုံးရှူံးမှူတွေများလို့တစ်ဦးထဲဖြေရှင်းတာထက်..အခုလိုဘိုးဘိုးတို့ကဝိုင်းကူလိုက်​တော့ အချိန်တိုတွင်းပြီးသွားလို့ လုပ်ငန်းကပြန်ပြီးလည်ပတ်နိုင်တာ..မဟုတ်ရင်..ဝယ်ထားတဲ့ကုန်ကြမ်းတွေမကောင်းတော့ရင်အခုထက်ပိုပြီးဆုံးရှူံးလာနိုင်တယ်တဲ့...ဘိုးဘိုး​​
ပြောတာအမှန်တွေပင်..ကိုယ်ဘယ်လောက်ထက်မြတ်တယ်ပြောပြော..ဘိုးဘိူးတို့ဒယ်ဒီတို့ဆီကပညာတွေသင်ရအူံးမှာ..ဘိုးဘိုးကမပြန်ခင်မှာသွားသေးတာ..လုပ်ကြံသူကိစ္စမပေါ့လျော့ဖို့..တမင်နစ်နာစေချင်လို့ ဒီလိုလုပ်တာ..နောက်ထပ် ထပ်မလုပ်ဘူးလို့အာမ မခံန်ိုင်..သတ်ိနဲ့နေဖို့..တစ်ခုခုဆိုသူ့ကိုအရင်တိုင်ပင်ဖို့..ဘိုးဘ်ိုးဟာသူ့အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့လူသား..

ဘိုးဘ်ိုးကြောင့်သာ စိမ်းလိုမိန်းမကောင်းလေးကိုပိုင်ဆိုင်ခွင့်ရခဲ့တာမလား..
စိမ်းကိုလည်းမနက်ဖြန်စစ်ဆေးတော့မှာမလို့..စိမ်းအနားရှိနေပေးချင်သည်။အိမ်လည်းအရမ်းပြန်ချင်နေသလို..စိမ်းကိုလည်းအရမ်းလွမ်းနေပြန်သည်။..အသံလေးကြားနေရရုံနဲ့မတင်းတိမ်နိုင်တော့..မနက်ဖြန်ဆိုရင်တော့..ကိစ္စအားလုံးအဆင်ပြေသလောက်ရှိပြီမလ်ို့..မနက်အစောပြန်ဖို့စဥ်ထားတာ..ဖြစ်န်ိုင်ရင်ဒီညနေပြန်ချင်ပေမယ့်..စက်ရုံက​ပြန်ပြီးလည်ပတ်နေကာစမလို့
ထားခဲ့ဖ်ို့စိတ်မချ..ကောင်းမြတ်
ကပြန်ဖို့ပြောပေမယ့် ကိုယ်ကအထက်လူကြီးဆို​တော့လည်း..စိမ်းကိုပဲဖုန်းဆက်ပြီးအလွမ်းဖြေရသည်..ခဏအနားယူချိန်စိမ်းကိုဖုန်းဆက်တော့ ည၈နာရီ.

မျှော်နိုင်သမျှ...(Completed)Kde žijí příběhy. Začni objevovat