အပိုင်း ၁၉

12.7K 292 37
                                    

စိမ်းနဲ့ချူး အပေါ်ထပ်ဧည့်ခန်းထဲမှာစကားထိုင်ပြောနေတုန်း..ကိုကိုကအပေါ်ထပ်တက်လာခဲ့သည်..

"ကလေး...ကိုကို Golfသွားရိုက်လ်ိုက်အုံးမယ်..စစ်လည်းလိုက်မယ်ဆိုလို့''

"အင်းး..သွားလေ..တအားနောက်ကျမနေနဲ့နော်..ကိုကို့သားနဲ့သမီးကပြန်လာတော့မှာ..''

"အင်းး..ကိုကိုအပြန်ဝင်ခေါ်ခဲ့လိုက်မယ်..ကိုကိုသွားပီနော်..''

"ဟုတ်..''

"ချူး..အငယ်လေးကအဲ့လိုလွှတ်ထားလို့ရပီလား''

"နို​့ဘူးနဲသွားတာလေ...ဟိုရောက်ရင်သူ့အဘိုးလက်ကချလို့ကိုမရဘူးတဲ့..သူ့အဘိုးကလည်းအငယ်လေးကိုတအားချစ်တာဟယ်..သူ့အဖေဝင်စားတယ်ပြောနေကြတာပဲ..တနေကုန်နို့ဘူးနဲ့နေပေမယ့်...ညကျရင်တော့တစ်ညလုံးငါမသက်သာဘူးရယ်..''

"ခ်ခ်...သားသားက သူ့ဒယ်ဒီတူတာဖြစ်မယ်''

"အင်း..အသေအချာပဲ..ဟားးး''

နှစ်ယောက်သားကတော့အတိုင်အဖောက်ကိုညီလို့ပင်။ချူး နဲ့ကိုကို့အိမ်ထောင်ရေးကိုကြည့်ပီးစိန်းအားကျမိသည်....ချူးကအသက်၂၅နှစ်မှာသားတစ်ယောက်သမီးတစ်ယောက်ပိုင်ဆိုင်နေပီးဘာမှလုပ်စရာမလိုဘဲသာယာတဲ့အိမ်ထောင်ရေးကြောင့်စိတ်ချမ်းသာနေတယ်ဆိုတာသိသာသည်..စိမ်းအဖြစ်ကတော့..

"ချူး.နင်ယောကျားရကံကောင်းတယ်နော်..''

ချူးကစိမ်းစားဖို့မုန့်ဗူးဖောက်ပေးနေရင်းစိမ်းကိုပြုံးဖြီးဖြီးနှင့်ကြည့်ပြီး

"ဘာလဲ..ငါ့ကိုအားကျနာလား..''

"အွန်းးး..အားကျတယ်''

"သူချစ်ကိုယ်ချစ်မလို့ဖြစ်မှာပေါ့ဟယ်..ကိုကိုကသည်းခံတတ်လို့..ငါ့အကြောင်းနင်သိတယ်မလား''

စိမ်းက ချူး ချပေးထားတဲ့မုန့်ကိုကောက်ဝါးလိုက်ပီးအရသာခံသည်။

"သိပ..အဆိုးမ...''

"ဆိုးလို့ရလို့ဆိုးတာပေါ့ဟက်..ဟီးး..ဒါနဲ့..အစောကကိစ္စဆက်ပြောအုံးလေ..ခွန်းစစ်ကိစ္စ..နင်ဘယ်လိုလဲ..လက်ခံမှာလား''

စိမ်းဆိုဖာနောက်မှီပေါ်ခြေပြစ်လက်ပြစ်မှီချလိုက်ပီး..မုန့်ကိုတမြုံ့မြုံ့ဝါးရင်းအရသာခံပီးတော့မှ..

မျှော်နိုင်သမျှ...(Completed)Hikayelerin yaşadığı yer. Şimdi keşfedin