အပိုင်း ၃

15.2K 361 0
                                    

စိမ်း မိုးမိပြီးဖျားလိုက်တာ..၃ရက်ကျောင်းပျက်သွားခဲ့သည်...စိမ်းကြောင့်မေမေလည်း..ဆိုင်မဖွင့်ရပေ....စိမ်းအိပ်ယာထဲလှဲနေတုန်း

.'''စိမ်းရေ...မိစိမ်းရေ..ငါလာတယ်ဟေ့..'

"သမီး...ချူးလေး...လာလာ..သမီးသူငယ်ချင်းကသူ့အခန်းထဲမှာမှေးနေလားပဲ..ဝင်သွားလိုက်နော်သမီး...'''

"ဟုတ်ကဲ့..အိုမား...မာမီကစိမ်းနဲ့အိုမားအတွက်ဖက်ထုပ်ကြော်တွေပေးလိုက်သေးတယ်အိုမား'

'ဟယ်..ဟုတ်လား..အန်တီအထဲကိုလာပို့ပေးမယ်နော်..'

'Nae..'

ချူးအိုမားကိုဖက်ထုပ်ကြော်အထုပ်ပေးခဲ့ပီးအခန်းထဲဝင်လာတော့..စောင်ပုံထဲမှာကွေးနေတဲ့စိမ်းအနားသွားပီးနဖူးလေးကိုစမ်းကြည့်တော့..ကိုယ်တော့မပူတော့ပါဘူး..သူအိပ်နေတုန်း..စာကူးပေးထားနှင့်မယ်..

ချူးမ တစ်ယောက်စိမ်းစာအုပ်တွေထုတ်ပြီးလွတ်သွားတဲ့သင်ခန်းစာတွေပြန်ကူးပေးနေတုန်း စိမ်းက နိုးလာခဲ့သည်...စာကူးပေးနေတဲ့ချူးမ အနားသွားထိုင်ကာ...

".ချူးချူးမလေး..အချစ်တုံးလေး...နင်ဘယ်တုန်းကရောက်တုန်း...'''

ချူးမ က စာကူးနေရင်း

.''အစောကပဲရောက်တာ..နင်အိပ်နေလို့လေ...ငါစာကူးပေးနေတာ.''

စိမ်းက ချူး လက်ထဲကဘောပင်ကိုဆွဲယူလိုက်ရင်း...

""အေးဘာ...ဒါတွေထားလိုက်..ငါ့ဘာငါကူးမယ်လေ...ငါ့ချင်းဂူးလေးနဲ့မတွေ့ရတာ၃ရက်တောင်ရှိပီ..စကားပြောရအောင်လေဟယ်..လာ....''

စိမ်း...ချူးမ ကို..ကုတင်ပေါ်သိူ့ခေါ်သွားပြီး..မျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်.ခေါင်းအုံးတစ်လုံးစီက်ိုလဲပေါင်ပေါ်တင်ပီးပွေ့ထားလိုက်ကြသေးသည်.....ချူးမ က ပိန်ကျသွားသောစိမ်းမျက်နှာလေးကိုစိတ်မကောင်းစွာကြည့်ရင်း...

"ငါ့မာမီက...နင်ကြိုက်တဲ့ဖက်ထုပ်ကြော်ထည့်ပေးလိုက်တယ်သိလား...ငါအများကြီးယူလာတယ်...အားရပါးရစားနော်..ဟီးဟီး..အိုမားကိုပေးထားခဲ့တယ်'

"ဘာ...ဟီးဟီးတုန်း...ကိုယ့်အပြစ်ကိုယ်သိတယ်မလား...'''

စိမ်းကမျက်စောင်းထိုးကာဆိုတော့.....ချူးမက စိမ်းလက်ကလေးကိုလှမ်းဆွဲရင်း..မျက်နှာငယ်လေးနဲ့လုပ်ပြနေတာ..

မျှော်နိုင်သမျှ...(Completed)Hikayelerin yaşadığı yer. Şimdi keşfedin