အပိုင်း ၂၇

17.1K 414 93
                                    

💬သဲသဲသျှင်...
နင်သိထားဖို့ကလက်ရှိပစ္စုပ္ပန်မှာ မောင်က တလောကလုံးနဲ့..မောင့်ရဲ့အသိုင်းအဝိုင်းကအစလိုလိုလားလား...လက်ခံထားတဲ့ငါ့ရဲ့တရားဝင်ယောကျား..ငါကမောင်နဲ့တွေ့ချင်လွန်းလို့ ခိုး​ကြောင်ခိုးဝှက်ခိုးတွေ့နေစရာမလိုတဲ့မောင့်ရဲ့တရားဝင်လူသိရှင်ကြားမိန်းမ...ငါနဲ့နေ့တိုင်းတစ်အိမ်ထဲအတူနေပြီး အတူစား အတူအိပ်နေတာမမေ့လေနဲ့...ok..ယူသဘောပေါက်ဖို့။

သဲတစ်ယောက် စိမ်းရွက်ဖူး ဆီကဝင်လာတဲ့စာက်ိုဖတ်ပြီး ​လက်တွေတဆတ်ဆတ်တုန်လာကာ လက်ထဲမှာရှိတဲ့ဖုန်းကို လွှတ်ပစ်လိုက်ပြီး..

"အားးးးးးးးးးးး''

ကိုကိုနဲ့ပတ်သတ်လာရင် လုံးဝအကြောမခံန်ိုင်တဲ့သူမ..အခုတော့ စာချုပ်နဲ့လက်ထပ်ထားတဲ့မိန်းမဆီကအကြောခံလိုက်ရတော့ ဒေါသကဘယ်လိုမှထိန်းလို့မရတော့..အခန်းထဲရှိသမျှပစ္စည်းတွေလည်းရစရာမရှိတော့..

(ဘာ.မောင်တဲ့..သူ့က်ိုမချစ်ဘဲယူထားတဲ့သူက်ိုအရှက်မရှိခေါ်နေသေး..က်ိုကိုနဲ့.အတူအိပ်တယ်တဲ့လား..စောက်ရှက်မရှိတဲ့ဟာမ.. နင့်ကိုအလျှော့ပေးထားလို့ရောင့်တက်နေတယ်ပေါ့ ..ဟွန်း..တွေ့ကြသေးတာပေါ့ စိမ်းရွက်ဖူးနင်​ရှေ့လျှောက်အခုလ်ိုလေသံမာနိုင်အုံးမလားလို့..)

ကိုကို့ဆီဖုန်းဆက်တော့ မအားသေးပါတဲ့..ကိုကိုလွန်ပီမထင်ဘူးလား..ကိုကိုနဲ့အဆက်အသွယ်မရတာ၂ရက်ရှိနေပီလေ..ကိုကိုအချိူးတွေပြောင်းနေတာလား..ဟိုဟာမ ကိုကို့ကိုဘာတွေနဲ့ပြုစားထားသလဲကိိုကို..အဟင်းးး..ကိုကိုက သဲကိုလျှော့တွက်ထားတာပဲ...သဲဆီကို ကိုကိုမလာလာအောင်လုပ်လ်ို့ရမယ့်နည်းလမ်းတွေပေါလွန်းလို့။

ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အကြံထုတ်နေစဥ်အပြင်ကတံခါးခေါက်သံကြောင့် တံခါးဖွင့်ပေးလ်ိုက်တော့ အိမ်အကူအဒေါ်ကြီးကခေါင်းငုံ့ပီးရပ်နေသည်။

"ဘာလဲ..ဘာကိစ္စလဲ..ပြောစရာရှိတာမြန်မြန်ပြော''

"ဟို...သခင်...သခင်မလေး..ဥက္ကဌကြီးက ဧည့်သည်ရောက်နေလို့ အောက်ခဏဆင်းခဲ့ပါတဲ့''

"သိပီ ...လာခဲ့မယ်''

အဲ့ဘိုးဘ်ိုးကတော့လက်မလျှော့သေးဘူးလား..သဲက်ိုမိတ်ဆက်ပေးနေတဲ့လူပေါင်းများပြီ..သဲဘက်ကအပြတ်ငြင်းလွန်းလို့ ဘိုးဘိုးမျက်နှာပျက်ရပေါင်းလည်းများပြီး..ဘယ်သူနဲ့မှမိတ်မဆက်ပေးတော့တာကို..အခုဘယ်ကဟာခေါ်လာပြန်တုန်းပဲ..ဒေါသအရှိန်မပြယ်သေးတာကြောင့်အဝတ်လဲ လဲချင်စိတ်မရှိ..အိမ်နေရင်းဝတ်ထားသော ဂျင်းဘောင်းဘီပေါင်တိုနဲ့ စွယ်တာအကျီခပ်ပွပွ ကိုသာဝတ်ပြီးအောက်ဆင်းလာကာ မျက်နှာက်ိုတမင်ဆူပုတ်ထားသေးသည်။ဘိုးဘိုးကတော့သူ့ပုံစံကြည့်ပြီး မျက်နှာပျက်လို့..

မျှော်နိုင်သမျှ...(Completed)Donde viven las historias. Descúbrelo ahora