အပိုင်း ၅

12.1K 322 3
                                    

ဒေါ်အိမြတ်သွယ်. အသက်၅၂နှစ် ရှိရာ
အုတ်ဂူလေးရှေ့မှာ ပန်းစည်းလေးတစ်စည်းကိုချရင်း ဝမ်းနည်းမျက်ရည်ကျနေကြသော သူငယ်ချင်းနှစ်ယောက်...

စိမ်းတစ်ယောက် ချူးနှင့်အတူ ချူးရဲ့မာမားရှိရာ ငြိမ်းချမ်းတဲ့နေရာရောက်နေပီး တသိမ့်သိမ့်ရှိုက်ငိုနေတဲ့ သူငယ်ချင်းမလေးကိုနှစ်သိမ့်နေမိသည်။
မကွယ်လွနိမီ မှာသွားခဲ့တဲ့မာမားဆန္ဒအတိုင်း ချက်ချင်းမြေချပေးခဲ့ရသည်မလို့ ချူးခမျာ ပိုပီးဝမ်းနည်းနေရှာသည်

ချူးက မျက်ရည်တွေတသွင်သွင်ဖြင့်

""မာမားက ကောင်းကင်ဘုံမှာသူခံစားနေရတဲ့ဝေဒနာတွေကင်းဝေးပြီး ပျော်နေလောက်ပီမလား ဟင်..စိမ်း'''

"အမှန်ပေါ့ဟာ..ဒါကြောင့်နင်လဲ မာမားဆန္ဒအတိုင်းရှေ့ဆက်ပြီးအကောင်းဆုံးနေသွားရမယ်နော်..နင့်နားမှာ ဒယ်ဒီရော ငါရော..နင့်ကိုကိုရော ရှ်ိတယ်လေနော်..ဘာမှအားငယ်စရာမလိုဘူးသိလား''

""အင်းပါ..နင်တို့ရှိနေလို့ ငါအခုလောက်ထိတောင့်ခံနိုင်​တာပါစိမ်းရယ်. ဒယ်ဒီ့ကိုလည်းသနားတယ် ဒယ်ဒီကမာမားကိုသိပ်ချစ်တာ သူ့စည်းစိမ်တွေကုန်ရင်ကုန်သွားပါစေ မာမားကိုရအောင်ကုမယ်တဲ့..အင့်..အဟင့်..ဟင့်..ဒါပေမယ့် ဒါပေမယ့်ဟာ..အီးဟီးး...မာမားရယ် အခုလေ ဒယ်ဒီက မာမားးစိတ်နဲ့ အိပ်ရာထဲလဲနေလို့ မာမားရဲ့နောက်ဆုံးခရီးကိုတောင်လိုက်မပို့နိုင်ရှာဘူး အင့်..ဟင့်. .ဟင့်''

စိမ်းကချူးရဲ့မျက်ရည်တွေကိုလက်ကိုင်ပုဝါလေးနဲ့သုတ်ပေးရင်း

""နင်ပင်ပန်းနေပီလေဟာ..တော်ပါတော့နော် .မာမားစိတ်မကောင်းဖြစ်နေလိမ့်မယ် ကိုကိုလဲ နားချင်လောက်ရောပေါ့..ငါတို့ပြန်ရအောင်နော်..'

(ချူးရဲ့ဒယ်ဒီကအိပ်ရာထဲလဲသွားသောကြောင့်နာရေးအတွက် သူ့ကိုကိုကပဲအစစအရာရာတာဝန်ယူလုပ်ပေးခဲ့သည်.ကိုကို့လိုချစ်သူမျိုးရထားတာ.ချူးကံကောင်းသည်ဟုထင်မိသည်)

''ဒါနဲ့ကိုကိုရောဟင်''

""ကိုကိုက နင်ငိုနေတာမကြည့်ရက်လို့တဲ့ ကားထဲကပဲထိုင်စောင့်နေမယ်တဲ့.'''

မျှော်နိုင်သမျှ...(Completed)Dove le storie prendono vita. Scoprilo ora