အပိုင်း ၃၅

20.9K 433 55
                                    

ထိုနေ့ညက သူတို့နှစ်ဦးရဲ့ပထမဆုံးညဖြစ်သည့်အပြင် နှစ်ယောက်လုံးအထိအတွေ့အသစ်ကြောင့်စိတ်တွေလှုပ်ရှားနေကာဘယ်နှကြိမ်တွေပြိးမြောက်ခဲ့လဲမသိတော့...သူသိတာတော့..တကြိမ်ပြီးတိုင်း..သူတောင်းတဲ့ဆု ပြည့်ပါစေဟုသာ..စိမိးကလည်း..သူ့ရဲ့မပြီးဆုံးနိုင်သောလိုအင်တွေက်ိုတချက်ကလေးမှမငြိုငြင်ဘဲဖြည့်ဆည်းပေးခဲ့သည်။သူ့ဆန္ဒအရဆို..မရပ်ချင်သေးမနက် စိမ်းက အလုပ်ရှိသောကြောင့် .နေလို့မကောင်းလို့ဆိုပြိး..ခွင့်ယူမည့်သူမဟုတ်သောကြောင့်သာရပ်တန့်ပေးလိုက်ရတာ..ကိုစိုင်းပြောဖူးတဲ့စကားပြန်​ကြားယောင်မိသည်။

အိမ်ထောင်ရေးမှာချစ်ရတဲ့သူနဲ့အတူနေခွင့်ရတာလောက် ကောင်းတဲ့သုခမရှိဘူးတဲ့...စိမ်းနှုတ်ဖျားကထွက်ကျလာတဲ့ မောင်ဆိုတဲ့ငြီးသံလေးကသူ့နှလုံးသားကိုလှုပ်ရှားစေတာတော့အမှန်ပင်..ဒါကြောင့်လည်း..အဲ့အသံလေးမထွက်ထွက်အောင် သူအကြိမ်ကြိမ်အခါခါ...ဘာပဲဖြစ်ဖြစ်သူ့ဆု​တောင်းလေးပြည့်ပါစေ..စိမ်းကလည်း..သူနဲ့ထပ်တူညီတဲ့ဆုမျိုးတောငိးနေခဲ့တာတော့ ခွန်းစစ်တစ်ယောက်သိမည်မထင်.....
.
.
.
.

အချိန်အားဖြင့်..ည၈နာရီ..LAက Jackစံအိမ်တော်ထဲမှ ရွှေရောင်ဖိတ်ဖိတ်လက်နေသော လှေကားပေါ်မှဆင်းလာသူ..Jackအိမ်တော်ရဲ့ အလုပ်သမားများဖိန့်ဖိန့်တုန်အောက်ကြတဲ့သခင်မ..သဲသဲသျှင် ။.အလုပ်သမားတွေကိုစိတ်မကြည်လာတိုင်းပြသနာရှာတတ်သူ..ပြသနာရှာရုံနှငိ့မပြီး..လက်ပါတတ်သောကြောင့် ပြန်​ပြေးသွားသောအလုပ်သမားများမှာလဲ သူမရောက်လာခဲ့ပြီးတစ်လမပြည့်သေးခင်လူအသစ်ခဏခဏရှာနေရသည်..

အခုကျန်နေတဲ့သူတွေက လစာမတန်တဆပေးပြီးငှားထားလို့သာ အခုလောက်ထိမြဲနေတာပေါင်အရင်းနားထိတိုကပ်နေတဲ့leatherဘောင်းဘီနဲ့ ရင်ပြတ်အကျီဝတ်ထားတာမပေါ့်တပေါ်. ....ကုတ်အကျီအရှည်ကြီးကိုထပ်ဝတ်ထားပေမယ့် ကြယ်သီးမတွယ်ထားးသောကြောင့် အတွင်းသားတွေကလှစ်ဟပြထားသလို..နီရဲတောက်နေတဲ့နှုတ်ခမ်းနီက အသားဖြူသူနဲ့လိုက်ဖက်နေသလို..ဂုတ်လောက်ထိရှည်တဲ့အစိမ်းရောင်ဆံပင်တွေကိုစုစည်းထားသောကြောင့် ဆံပင်တွေကဟိုတစသည်တစကြနေပေမယ့်ထိုစတိုင်လ်က ကိုဆွဲဆောင်မှူအပြည့်..

မျှော်နိုင်သမျှ...(Completed)Where stories live. Discover now