အပိုင်း ၂၀

15.3K 336 76
                                    

ဒီနေ့..KS Groupရဲ့ဆက်ခံသူ သခင်လေးခွန်းစစ်နေမင်းနဲ့စိမ်းရွက်ဖူးတို့ရဲ့မဂ်လာဧည့်ခံပွဲဖြစ်သောကြောင့်..မဂ်လာခန်းမအတွင်းဂုဏ်သရေရှိအသိုင်းအဝိုင်းကဧည့်သည်တော်များနှင့်စည်ကားလျှက်ရှ်ိသည်..

မဂ်လာပွဲက်ိုအခုထက်ပိုပီးခမ်းခမ်းနားနားကျင်းပချင်ပေမယ့်..စိမ်းလေးရဲ့ဆန္ဒကြောင့် ရင်းနှီးသူများနှင့်သာ အကျဥ်းချုံးလုပ်လိုက်ရသောကြောင့် ဦးသက်မင်းတစ်ယောက် နည်းနည်းအင်တင်တင်..သူ့ရဲ့တစ်ဦးတည်းသောမြေးလေးရဲ့မဂ်လာပွဲကိုခမ်းနားထည်ဝါစွာကျင်းပပေးချင်ပေမယ့် မြေးဖြစ်သူရဲ့အလောတကြီးတောင်းဆိုမှူကြောင့်ရော..သတို့သမီးမြေးမလေးရဲ့ ​လူကြောက်တတ်တဲ့အားနည်းချက်ကြောင့်သာ...တရင်းတနှီးရှိသောမိတ်ဆွေများနှင်​့သာအကျဥ်းချုံးပြုလုပ်ပေးခဲ့ရ​သည်..ကလေးတွေကျေနပ်ဖို့သာအဓိကပင်..

မဂ်လာအခမ်းအနားကစတော့မည် ခွန်းစစ် အခုထိဖုန်းချလို့မရသေး တစ်ဖက်မှာ သဲက တအားရစ်နေသည် သူ့ကိုယ်သူတစ်ခုခုလုပ်ပစ်မှာဆိုးသောကြောင့် ခွန်းစစ် မနည်းချော့ပြောနေရသည်။

"သဲ ကိုကိုကတိတည်တယ် သဲပြောသလ်ိုလုပ်မှာမလ်ို့ စိတ်ချ .. အခုအခမ်းအနားစတော့မှာ ကိုကိုစိတ်ချချင်တယ် သဲရယ် နော်''

"အွန်းး ပွဲပီးတာနဲ့တန်းထွက်ခဲ့နော် သဲသတ်မှတ်ထားတဲ့အချိန်ထိကိုကိုရောက်မလာလို့ကတော့ ကိုကိုသိပါတယ်''

"အင်း သိတယ် သိတာမလို့ လာမှာ စိတ်ချ ဒါပဲနော်သဲ ''

"ဟုတ် ကိုကို''

သဲဘက်ကဖုန်းချသွားတော့မှခွန်းစစ် လျှောက်လမ်းအတိုင်းလမ်းလျှောက်လာပီး သတ်မှတ်ထားသောနေရာတွင် နေရာယူလိုက်သည်။ Suit အဖြူနှင့်သတို့သားဟာ တည်ကြည်ခန့်ညားပြီးချောမောပြေပြစ်လှသောမျက်နှာ ကိုယ်နေဟန်ကြောင့် ခန်းမထဲကပရိတ်သတ်အားလုံးရဲ့အာရူံစိုက်မှူအပြည့်အဝရထားတော့သည်။

သားမက်တော်ချင်ကြသောယောက္ခမများကတော့စုတ်တသတ်သတ်ဖြင့် ။သတို့သမီးမိခင် ကိုအားကျသောအကြည့်များဖြင့်ကြည့်ကြသလို သမီးကိုဘန်းပြပီးအပိုင်ဖမ်းတယ်ဟုတီးတိုးပြောနေကြသူများလည်းရှိသည်..မဂ်လာပွဲဟာအကျဥ်းချုံးကျင်းပတယ်ဆိုပေမယ့် လူ၂၀၀ဆန့်ခန်းမကြီးကတော့အပြည့်ပင်။

မျှော်နိုင်သမျှ...(Completed)Opowieści tętniące życiem. Odkryj je teraz