အပိုင်း ၄၅(ဇာတ်သိမ်းပိုင်း)

31.3K 509 59
                                    

"မောင်.....
ဖြစ်ပျက်ခဲ့သမျှပြသနာတွေအားလုံးကို စိမ်းပေးဆပ်ရမယ့်အပြစ်ကြွေးလို့ပဲသတ်မှတ်ပါတယ်...မောင့်ဆန္ဒမပါဘဲ ဖြစ်ပျက်ခဲ့တဲ့ကိစ္စဆိုတာ စိမ်းနားလည်တာမလို့ ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့တော့..အိုမားကလည်း စိမ်းလိုပဲမလို့..အိုမားကလည်းမောင့်ကိုခွင့်လွှတ်ပေးနေမယ်လို့စိမ်းယုံကြည်တယ်..စိမ်းမောင့်အနားမှာ မရှ်ိပေးနိိုင်ပေမယ့် စိမ်းရဲ့စိတ်..စိမ်းနှလုံးသားကမောင့်အနားမှာကျန်နေခဲ့တာကြောင့် မောင့်အနားမှာစိမ်းရှိနေပေးတယ်ဆိုတဲ့စိတ်နဲ့..စိမ်းအတွက်..မောင့်ကလေးလေးအတွက် အကောင်းဆုံးနေထိုင်ပေးမယ်လို့ စိမ်းယုံကြည်ပါတယ်..

စိမ်းမောင့်ကိုစိတ်ချချင်တယ်မောင်...မောင်စိမ်းကို အကြိမ်များစွာချစ်တယ်ပြောခဲ့ပေမယ့်..စိမ်းဆီကအဖြေပြန်မတောင်းခဲ့ဘူး​နော်..ဒါပေမယ့် စိမ်းဖြေမယ်..မောင့်က်ိုချစ်တယ်..စိမ်းကမောင့်ထက်အရင်ချစ်ခဲ့ရသူပါ..စိမ်းမောင့်ကိုဘယ်အချိန်ကတည်းကချစ်ခဲ့လဲဆိုတာ မောင့်ခေါင်းဦးအောက်မှာထားပေးခဲ့တဲ့diaryစာအုပ်လေးကသက်သေပါမောင်...စိမ်းနှလုံးသားကမောင့်တစ်ယောက်ထဲအတွက်ပဲဖြစ်တည်လာတယ်ထင်ပါရဲ့...မောင့်နေရာမှာအစားထိုးဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပေမယ့်.မောင်ကလွဲလ်ို့ဘယ်သူ့ကိုမှ လက်ခံလို့မရခဲ့ဘူးမောင်..

မောင်ပြန်ချစ်လာပေးဖို့မမျှော်လင့်ခဲ့ပေမယ့်..မောင့်အချစ်ကိုဝန်ခံတဲ့နေ့ကစိမ်းအပျော်ရဆုံးနေ့ရက်တစ်ရက်ပါပဲ..
....ကုန်လွန်ခဲ့တဲ့ရက်တွေမှာ မောင့်အချစ် မောင့်မေတ္တာတွေကြောင့် စိမ်းပျော်ရွှင်ခဲ့ရသလို ကျေးဇူးလည်းတင်ပါတယ်..

မောင့်ကိုလက်ထပ်ခဲ့တာကလည်း..ငွေကြေးကြောင့်မဟုတ်ဘဲ စိမ်းချစ်ရတဲ့မောင့်အနားမှာ တစ်ရက်ပဲနေရနေရ တစ်လလေးပဲနေရနေရဆိုပြီး..မောင်နဲ့အတူတစ်မိုးအောက်မှာရှိနေချင်လွန်းလို့လက်ထပ်ခဲ့တာမှန်ပေမယ့်..စိမိးလောဘကြီးလာပြန်တယ်မောင်..မောင်နဲ့တနေ့နေ့ခွဲခွာခဲ့ရရင်စိမ်းအနားမှာ အလွမ်းဖြေစရာအဖြစ် မောင့်ကိုယ်ပွားလေး ကိုလည်းလိုချင်ခဲ့ပြန်တယ်..

မျှော်နိုင်သမျှ...(Completed)Where stories live. Discover now