အပိုင်း ၂၅

13.7K 418 86
                                    

"ကိုကို...''
ရင်ခွင်ထဲတိုးဖက်ကာချွဲနေသော သဲ

"သဲ...သက်သာပြီမလား..ဆရာဝန်ကြီးကဆေးရုံဆင်းလို့ရပြီတဲ့လေ''

"အင်းးး...ဟို..ဗိုက်ထဲကနည်းနည်းအောင့်နေသေးတယ်ကိုကို..''

သူ့ခါးကိုတင်းတင်းကြပ်ကြပ်ဖက်ထားတဲ့သဲလက်ကိုဖယ်ချပြီး သဲရှေ့မှာဒူးထောက်ထိုင်ချလိုက်သည်။သဲအကြောင်းသူသိတာပေါ့..မပြန်ချင်သေးလို့ အီနေတာ..

"သဲ...ကိုကိုပြောတာသေချာနားထောင်..သဲအကြောင်းသဲဒယ်ဒီထက် ကိိုကိုပိုသိတယ်ဆိုတာ သဲသ်ိတယ်နော်..ဆေးရုံရှေ့မှာ သဲက်ိုစောင့်နေကြတဲ့သူတွေက်ိုအားနာပါအုံး..ကိုကို ..လကုန်ရင်သဲကိုလာတွေ့မှာအတည် ...ကတ်ိပေးတယ်..အဲ့ဒါကြောင့်မအီနဲ့တော့နော်...''

သူပြောတော့ဘာမှပြန်မပြောဘဲမျက်နှာငုံ့ကာ နှုတ်ခမ်းကဆူထားသေးသည်။ညက သဲက်ိုမကျူးလွန်ချင်လို့....ရှင်းရှင်းပြောရရင် စိမ်းပြောတဲ့ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာခွဲခြားနားလည်ပါဆိုတဲ့စကားထပ်ခါထပ်ခါကြားယောင်မိလို့..ညီမလေးလ်ို ချစ်သူလိုချစ်ရတဲ့သဲက်ို အခွင့်အရေးမယူချင်လို့.. ဗိုက်နာချင်ယောင်ဆောင်ပြီး သန့်စင်ခန်းဝင်မည်ဟုအကြောင်းပြကာ သန့်စင်ခန်းထဲခဏထိုင်နေတုန်း..သဲအော်သံကြောင့်ပြန်ထွက်လာတော့..ဗိုက်ကိုဖိကာချွေးစေးတွေပြန်ကာအော်ဟစ်နေသည်။ညတွင်းချင်းပင်ပုသိမ်ဆေးရုံသို့ပို့လိုက်ရသည်။

အစာအိမ်ရောဂါအခံရှိတဲ့အပြင် အစာငတ်ခံဆန္ဒပြထားမှူကြောင့်ရော ဘီယာအလွန်အကျွံသောက်ထားတာကြောင့်ရောကြောင့်..အစာအိမ်ရောင်ကာဆေးရုံတင်လိုက်ရသည်။ကောင်းမြတ်
က်ိုလည်းမနက်ကျစောစောလိုက်လာခဲ့ဖ်ို့ပြောရသေးသည်။သဲအနားကခွာမရသောကြောင့်တောက်တိုမယ်ရကိစ္စတွေသူလိုက်မလုပ်နိုင်..တညလုံးလဲတစ်ရေးမှမအိပ်ရသေး..သူ့ဖုန်းမှာလည်းmissed callပေါင်းများစွာ..ဘယ်သူ့ကိုမှပြန်မခေါ်ဖြစ်ဘဲ..အိမ်ရောက်မှပြသနာရှင်းရမည်..

သူလည်းအိမ်ပြန်ချင်နေပြီ..သူ့အိမ်လိုက်ခဲ့တဲ့ပထမဆုံးညမှာ စိမ်းကိုတစ်ယောက်ထဲထားခဲ့ရတာစိတ်မလုံ..စာချုပ်ဆက်ဆံရေးမလို့....စိမ်းကထုတ်ပြောမှာမဟုတ်ဘူးဆိုတာသိပေမယ့် စိမ်းစိတ်က်ိုရိပ်မိသင့်သလောက်ရိပ်မိနေပြီဖြစ်သည်။သဲပြန်သွားမှသူလည်းပြန်လို့ရမှာမလို့..သဲပြန်အောင်ချော့ပြောနေရသည်။ထိုအချိန် ကောင်းမြတ်ရောက်လာပြီး

မျှော်နိုင်သမျှ...(Completed)Donde viven las historias. Descúbrelo ahora