အပိုင်း ၃၁

17K 411 40
                                    

မနက်ဖြန်တွေ့ဆုံပွဲရှိလို့ သူမကိုခေါ်ပြီးပွဲတက်ဖို့ကိစ္စအပြင် ဝတ်စုံလိုက်ဝယ်ပေးဖ်ို့ပါပြောမလ်ို့ကို.သူမကချေပြသွားသည်။

ကောင်းမြတ်သာရှိနေရင်ပြီးပြီ..သူမတို့ဘယ်ဆိုင်ထိုင်မလဲ..စုံစမ်းခိုင်းလိုက်ရုံ...သူကိုယ်တိုင်ကြီးကျ စိမ်းနောက်ကိုလည်းလိုက်မချောင်းချင်..မတတ်နိုင်..ညရောက်မှပဲပြောရတော့မှာပဲ...အနားမှာဟိုကောင်မရှ်ိတာ ဘာမှက်ိုအဆင်မပြေသောကြောင့်..

"တူ....တူ...''
"ဟုတ်ကဲ့Boss. .''

"အေး..မင်းပြန်လာဖို့အစီစဥ်ရှိသေးရဲ့လား..ဟင်..ကောင်းမြတ်''

"ဗျာ..Boss ...ကျွန်တော်မနက်ကမှထွက်လာတာ..ခွင့်၂ရက်တင်ခဲ့ပါတယ်..ဇာတိမြေကိုမရောက်တာလည်းကြာပြီမလို့..ဟို..''

"၂ရက်မရဘူးဟေ့ကောင်..ကလေးမလေးက်ိုခေါ်ပြီး..အခုပြန်လာခဲ့..နှစ်ခါထပ်မပြောဘူးနော်..ပြန်မလာလို့ကတော့ အလုပ်ပြုတ်မယ်မှတ်..ဒါပဲ''

ကောင်းမြတ်ရဲ့Bossရာဆိုတဲ့အသံကြီးမကြားချင်သောကြောင့် ဖုန်းချပြစ်လိုက်ကာ ဖုန်းကိုစားပွဲပေါ်ပြစ်တင်လိုက်ပြီး ထိုင်ခူံနောက်မှီပေါ်လှန်ချလိုက်သည်။ထို့နောက်မွန်းကြပ်လာသလိုဖြစ်လာသောကြောင့် ..နက်ခ်တိုင်ကိုဖြေလျော့ပြီး ကြယ်သီး၂လုံးလောက်ပါဖြုတ်ပြစ်လိုက်သည်။

"ဟူးးးး..မွန်းကြပ်လိုက်တာကွာ..ကျစ်စ်..ဘာကို​စိတ်တိုနေလဲကိုမသိဘူး''

ထိုင်ခုံပေါ်မှာ မျက်လုံးမှိတ်ကာ..ဦးဏှောက်ကိုခဏ အနားပေးနေတုန်း..မျက်စိထဲပေါ်လာတာက မနေ့ကသူ့က်ိုတခွန်းမကျန် ပြန်ပြောနေသော နှုတ်ခမ်းချွန်ချွန်လေး..ဟားးးခွန်းစစ်​​နေမင်းး
မင်းဘာဖြစ်နေတာလဲ..စိတ်ထဲမရိုးမယွဖြစ်လာသောကြောင့် ရေချိုးခန်းထဲသွားကာ မျက်နှာသစ်ပြစ်လိုက်သည်။မှန်ထဲကိုပြန်ကြည့်တော့လည်း..ထ်ိုနှုတ်ခမ်းတစ်စုံကိုသာမြင်ယောင်လာပြန်သည်။

အခုမှ သဲနဲ့တုန်းကမကြုံခဲ့ဘူးတဲ့ခံစားချက်အသစ်တွေခံစားနေရသည်။မဖြစ်တော့ဘူး..အလုပ်ဆက်လုပ်မှ..နားနေလို့မဖြစ်..မဟုတ်ရင်..ကုမ္ပဏီထိလိုက်သွားပြီးဆွဲခေါ်လာချင်စ်ိတ်တွေပေါက်လာမည်ဆိုးသောကြောင့်စိတ်ထိန်းမှ။သူ...အလုပ်ထဲစိတ်နှစ်ထားတုန်း messageဝင်လာသောကြောင့် စိမ်းများထမင်းစားဖို့အတူလိုက်ခဲ့လို့ပြောတာများလား..ဝမ်းသာအားရဖုန်းဖွင့်ကြည့်လိုက်တော့..သဲရဲ့မဂ်လာဖိတ်စာနဲ့အတူ...

မျှော်နိုင်သမျှ...(Completed)Où les histoires vivent. Découvrez maintenant