အပိုင်း ၃၉

14.6K 337 12
                                    

မျှော်နိုင်သမျှ...အပိုင်း ၃၉

သူ့ကိုတွေ့တာနဲ့ ကုတင်ပေါ်ကအပြေးဆင်းလာပြီး..သူ့ရင်ခွင်ထဲတိုးဝင်လာသူလေးအား..ခါးမှဆွဲကာ..ကျစ်နေအောင်ဖက်ထားလိုက်ပြီး...စိမ်း ပခုံးပေါ်မေးတင်ကာ ကျောပြင်လေးကိုပွတ်သပ်ပေးလိုက်သည်..

"စိမ်း..မောင်ဘာမှမဖြစ်ဘူးလေနော်...စိမ်းအနားမှာ မောင်ရောက်နေပြီလေနော်..စိမ်းဘယ်လိုနေသေးလဲ..သက်သာရဲ့လား..ဟင်..''

ချူးက အခြေအနေကိုရိပ်မိသောကြောင့်..အခန်းထဲကမသိမသာထွက်သွားပြီး..တံခါးကိုအပြင်ကLockချပေးခဲ့သည်။တကယ်အလိုက်သိတဲ့ချူးလေး..

"ကျေးဇူးပါ မောင်..ဘာမှမဖြစ်သွားလို့ကျေးဇူးပါ..အင့်..ဟင့်..''

စိမ်းကသူ့ကိုမကြည့်ဘဲရင်ခွင်ထဲမျက်နှာအပ်ကာ တအင့်အင့်ငိုနေပြန်သည်။သူမစိတ်တိုင်းကျခဏနေပေးလိုက်ပြီးမှ ရင်ခွင်ထဲမျက်နှာလေးက်ိုဆွဲမော့တော့ ဘယ်လောက်တောင်ငိုထားလဲမသိ မျက်ခွံလေးတွေကမို့အစ်နေပြီ..စိမ်းမျက်ရည်တွေကိုသုတ်ပေးလိုက်ပြီးမှ..

"စိမ်း..မောင်ဘာမှမဖြစ်တော့ဘူးလေနော်...စိမ်းနားလိုက်ပါအူံး..မောင့်ကြောင့်စိမ်းပင်ပန်းနေရပြီ..''

သူ့စကားကိုလက်မခံ..ခေါင်းတွင်တွင်ရမ်းပြီး..သူ့ရင်ခွင်ထဲပြန်တိုးဝင်ကာ..ခါးကိုကျစ်ကျစ်ဖက်ထားပြန်သည်..

"မောင်ဘာမှမဖြစ်ဘူးဆိုတာသိရပြီမလို့..စိမ်းသက်သာသွားပြီ..အိမ်ပြန်ချင်တယ်မောင်..ဒီမှာမနေချင်ဘူး..''

"ဟုတ်လို့လားစိမ်းရယ်..တစ်ရက်တော့ပြည့်အောင်နေပါအူံး..အားပြည့်သွားအောင်လို့လေ..စိမ်းကိုကြည့်ရတာ..အားမရှိသလိုလေး..နော်..မောင်ဘယ်မှမသွားတော့ဘူး..စိမ်းနဲ့တူတူရှိနေပေးမှာ..ဒီတစ်ရက်တော့နေလိုက်အူံးလေနော်..''

"အင့်..အဟင့်..စိမ်းသက်သာနေပါပြီဆို..မနေချင်ဘူး..အိမ်ပြန်ချင်တယ်..အင့်..အဟင့်..''

သူ့ရင်ခွင်ထဲကမထွက်ဘဲ မျက်နှာအပ်ပြီးငိုနေသူ..သူမမျက်ရည်တွေက..သူ့အကျီမှာစိုစွတ်နေတဲ့အပြင်..ဝမ်းပမ်းတနည်းတသိမ့်သိမ့်ငိုနေသူကြောင့် ဒီလူရဲ့ရင်ထဲလဲနာလှပါပြီ..စိမ်းကျောပြင်လေးကိုခပ်ဖွဖွပွတ်သပ်ပေးလိုက်ပြီး..

မျှော်နိုင်သမျှ...(Completed)Onde histórias criam vida. Descubra agora