အပိုင်း ၃၀

20K 447 81
                                    

"နောင်တရနေလား ခွန်းစစ်'

စိမ်းရဲ့ဆိုင်းမဆင့်ဘုံမဆင့်ပြောလိုက်တဲ့စကားကြောင့်စားထားတဲ့စွပ်ပြုတ်တောင်ပြန်အန်ထွက်တော့မလို..သူ့ရင်ဘတ်ကိုလက်နဲ့အသာထုလိုက်ကာ..

"ခဏ...ခဏ...စိမ်းးး...စိမ်းကဘာကိုဆိုလိုချင်တာလဲ''

"ခွန်းစစ်..စိမ်းနဲ့လက်ထပ်လိုက်လို့ ချစ်ရတဲ့သူရဲ့စွန့်ပြစ်တာခံလိုက်ရလို့လေ..နောင်တရနေလားမေးတာ''

"Aww. ..စွန့်ပြစ်တယ်မ​စွန့်ပြစ်ဘူးဆိုတာ ပြောတဲ့သူကိုယ်တိုင်ပဲသိမှာ ကိုယ်သူ​့သိက္ခါကိုငဲ့ပြီး ကိုယ့်ဘက်ကဘာမှရှင်းမှာမဟုတ်လို့ စိမ်းထင်ချင်သလိုယူဆလို့ရတယ်''

"အင်းးး....ချစ်သူသက်တမ်းအကြာကြီးချစ်​ခဲ့ကြတာ စိမ်းကြောင့်အခုလိုဖြစ်ကြတာဆိုရင်တော့ စိမ်းတကယ်စ်ိတ်မကောင်းဘူး..သူမ က တစ်နှစ်ပြည့်အောင်မစောင့်နိုင်လို့ လမ်းခွဲလိုက်တာလား''

"အင်းး...အဲ့လိုပဲပြောရမှာပေါ့''

"ဒါဆို တစ်နှစ်ထိစောင့်မနေဘဲ စိမ်းလမ်းခွဲပေးရင်ရော..အစောက စိမ်းသူ့ကိုအနိုင်ယူချင်လို့စိတ်ထဲမပါဘဲပြောလိုက်မိတာတွေ ခွန်းစစ်မကြားခဲ့ဘူးလို့သာ သဘောထားလိုက်ပါ''

"စိမ်းးး... ကိုယ်တို့အခုမှလက်ထပ်ထားတာ ၁လမပြည့်သေးဘူးနော်..စကားကိုလွယ်လွယ်မပြောစေချင်ဘူး....လက်ထပ်တယ်..ကွာရှင်းတယ်ဆိုတာ...ထမင်းစားရေသောက်ကိစ္စတွေလိုမလွယ်ကူဘူးဆိုတာ စိမ်းသိမှာပါ''

"စိမ်းသိပါတယ်..စိမ်းကြောင့်ချစ်သူနှစ်ဦးလမ်းခွဲရတယ်ဆိုတဲ့အဖြစ်ကြီးက တကယ်အဆင်မပြေဘူး....သူမကတစ်နှစ်ပြည့်တဲ့ထိစောင့်နေပေးမယ်ထင်ခဲ့တာ။.အခုလိုဖြစ်ကြလိမ့်မယ်ကိုမထင်တာ..။ခွန်းစစ်..စ်ိန်းကိုအားမနာပါနဲ့တကယ်ပြောတာ ..အမွေတွေလွှဲပေးဖို့ ဘ်ိုးဘိုးကို စိမ်းတောင်းဆိုမယ်..ရတာနဲ့ ခွန်းစစ်က်ိုတန်းလွှဲပေးနိုင်ရင် စိမ်းတို့တစ်နှစ်ပြည့်တဲ့ထိစောင့်စရာမလိုတော့ဘူးမလား...စိမ်းး.''

မောင်က စိမ်းစကားကိုဆုံးအောင်ဆက်ပြောခွင့်မပြုဘဲ..

"တော်တော့စိမ်းး.. ဆက်မပြောနဲ့တော့..အမွေတွေကြောင့်စိမ်းကိုလက်ထပ်ခဲ့တာမှန်တယ်..ဒါပေမယ့်အခုအဲ့ဒါတွေခေါင်းထဲမရှိတော့ဘူး..အဲ့အကြောင်းထပ်မပြောပါနဲ့တော့..မလိုချင်တော့ဘူး..စာချုပ်ကိစ္စလဲမရှိတော့ဘူးလ်ို့သဘောထားလိုက်တော့..ကိုယ့်ကိုလည်းစာချုပ်နဲ့မကိုင်ပေါက်နဲ့တော့..အခုကိုယ်သိတာက စိမ်းနဲ့ကိုယ်က တရားဝင်လက်ထပ်ထားတဲ့လင်မယား..နှစ်ဖက်မိဘတွေရော ကာယကံရှင်တွေရော ကြည်ဖြူကြလို့သဘောတူလ်ို့ လက်တွဲခဲ့ကြတာ..စိမ်းကိုစောင့်ရှောက်ပါ့မယ်လို့လည်း ယောက္ခမကြီးကို ကိုယ်ကတိပေးထားခဲ့ပြီးသား..က်ိုယ့်ဘက်က စိမ်းကိုအကြောင်းကြောင်းကြောင့်ကတိပျက်ခဲ့ပေမယ့် အိုမားက်ိုပေးထားတဲ့ကတိတော့တည်ချင်တယ် ..''

မျှော်နိုင်သမျှ...(Completed)Opowieści tętniące życiem. Odkryj je teraz