အပိုင်း ၁၇

10.8K 323 40
                                    

သဲ LAမသွားခင်..သဲစိတ်တိုင်းကျ..စားချင်တာစား..သွားချင်တဲ့နေရာလိုက်ပို့..လိုချင်တာမှန်သမျှလိုက်ဝယ်ပေးပီး...ကတိအထပ်ထပ်ပေးကာ..LAသို့လွှတ်လိုက်ရသည်..ဒါတောင်ပြောသွားသေးတယ်..ဒယ်ဒီစိတ်ချမ်းသာအောင်လို့သွားတာတဲ့..တစ်နှစ်ပဲတက်ပီးပြန်လာမှာတဲ့..ပြန်ရောက်တာနဲ့ကိုယ်နဲ့လက်ထပ်ပေးဖို့ကိုလည်းသူ့ဒယ်ဒီဆီက ကတိတောင်းသွားခဲ့သေးသည်..

သဲက ခွန်းစစ် UKသွားတုန်းက လိုက်ဖို့ပူဆာခဲ့သေးသည်..သူ့ဒယ်ဒီကအထက်တန်းပြီးမှသွားရမည်ဆိုသောကြောင့်ကျန်နေခဲ့ခြင်းပင်.သူUKမှာ..စီးပွားရေးနဲ့ပတ်သတ်တဲ့သင်တန်းမှန်သမျှလက်မလွတ်စေရ..တက္ကသိူလ်တက်ရင်း.အချိန်အားရင်အားသလ်ိုလေ့လာဆည်းပူးခဲ့သောကြောင့်၅နှစ်ခွဲလောက်ကြာသွားခဲ့သည်...

သဲကအထက်တန်းပီးလို့ ခွန်းစစ် နောက်လိုက်လာဖို့ပြင်ဆင်နေတုန်း..သူ့ဒယ်ဒီကျန်းမာရေးအသည်းအသန်ဖြစ်လို့..မလာဖြစ်ခဲ့ပြန်..အခုမှသူ့ဒယ်ဒီကထူထူထောင်ထောင်ပြန်ဖြစ်လာတော့မှ...LAသို့ပညာသင်ရန်စေလွှတ်ခံရခြင်း..LAမှာရှိတဲ့သဲရဲ့ ဘ်ိုးဘိုးဆီမှာ..လုပ်ငန်းအတွေ့အကြုံသင်ယူစေချင်တာလည်းပါသည်..သူ့ဒယ်ဒီကMC groupကိုသဲလက်ထဲအပ်ချင်သလောက်..သဲက..အဲ့ဒါတွေစိတ်မဝင်စား..သူပြောနေကျစကားရှ်ိသည်..

"ကိုကိုပဲတတ်အောင်သင်..သဲက ကိုကို့ကိုပဲယူမှာမလ်ို့..ကိုကိူပဲဦးဆောင်..သဲကထိုင်စားမှာတဲ့''

သူ့ဒယ်ဒီလက်မခံတာတကြောင်း..ခွန်းစစ် ရဲ့ဖြောင့်ဖျမှူတွေကြောင့်..မကျေမနပ်နှင့်ထွက်သွားခဲ့သည်..ဒါတောင်သူမသွားခင်..သူ့ကိုအပိုင်သိမ်းပါလို့မိန်းကလေးတန်မဲ့တောင်းဆိုနေသောကြောင့်..ခွန်းစစ်မှာမနည်း..နားလည်အောင်ရှင်းပြခဲ့ရသေးသည်.''.

(ကိုကိုသဲကိုတန်ဖိုးထားလို့ပါ..စိတ်ဖြောင့်ဖြောင့်နဲ့သာသွားပါ..ကိုကိုစောင့်နေမှာ..တစ်လတစ်ခါလဲသဲဆီလာဖြစ်အောင်ကြိုးစားမှာမလ်ို့..ကိုကို့ကိုစိတ်ချပီးသာသွားဖို့..တော်တော်လေးကိုအချိန်ယူက..ချော့ပြောလိုက်ရသည်..)

အခုတော့သဲလည်းထွက်သွားပီမလို့..ခွန်းစစ်စိတ်အေးရပီ..ကုမ္ပဏီကလည်း.သူဦးဆောင်ပီးနောက်ပိုင်းမှ..တော်တော်တိုးတက်လာပီမလို့..အထက်မြတ်ဆုံးထိပ်တန်းCEOlistထဲတွင် တောင်ပါခဲ့သည်အထိ..ဒယ်ဒီကသူ့ကိုအမွေအားလုံးလွှဲပေးပီးသည်နှင့်..မာမီနဲ့အတူ..ကမ္ဘာပတ်..ခရီးတွေထွက်နေတာများသည်..ဒယ်ဒီ့သားကိုစိတ်ချပီတဲ့..ကုမ္ပဏီဘက်ကိုလုံးဝကိုလှည့်မကြည့်တော့ပေ..ဒယ်ဒီ့ကျန်းမာရေးကြောင့်လည်းအနားယူခိုင်းလိုက်ခြင်းပင်..

မျှော်နိုင်သမျှ...(Completed)Donde viven las historias. Descúbrelo ahora