အပိုင်း ၃၆

16.8K 370 46
                                    

မောင့်ရဲ့ရိုက်ချက်ကြောင့်တစ်ဖက်လူရဲ့မျက်နှာလည်ထွက်သွားပြီး..ပါးမှာလက်ဝါးရာထင်သွားသည်ထိ..ထို့နောက် စိမ်းလက်ကိုဆွဲကာ..အပြင်သိူ့အတင်းဆွဲခေါ်လာပြီး..ကားထဲထည့်ကာ..အိမ်သို့သာအရောက်မောင်းလာခဲ့သည်။စိမ်း ကတော့တစ်လမ်းလုံးစကားတစ်ခွန်းမှမပြောဘဲ..မျက်နှာတွေနီစပ်ပြီး..မေးကြောတွေထောင်ကာ..စကားတခွန်းမှမပြောတဲ့သူ့က်ိုသာ အရိပ်တကြည့်ကြည့်နဲ့လိုက်လာသည်။မောင်ဘာလို့ရုတ်တရက်ကြီးရောက်လာတာလဲ..ရုံးဆင်းချိန်လဲမဟုတ်သေးဘဲနဲ့..ကိုယ့်အပူကိုခဏမေ့သွားပြီးမောင်ရုတ်တရက်ရောက်လာတာကိုပဲခေါင်းထဲရောက်နေမိသည်။မောင်နဲ့ပတ်သတ်လာရင်စိမ်းဘာဖြစ်နေနေမောင်ကပဲနံပါတ်၁..

ခွန်းစစ် စိမ်းကိုလှည့်မကြည့်တာမဟုတ်...စိမ်းပါးပြင်နုနုပေါ်က ပလာစတာနဲ့..ငိုထားလို့မို့နေတဲ့မျက်ဝန်းတွေက်ိုမြင်မိရင်..ဟိုတယောက်ကိုချက်ချင်းသွားသတ်ချင်စိတ်တွေပေါက်လာသောကြောင့်..အိမ်ကိုသာအမြန်ရောက်အောင်မောင်းနေတာ..အိမ်ရောက်မှ မောင့်ရင်ခွင်ထဲမှာ အဝငိုပါ စိမ်း..အခုလိုတွေဖြစ်နေတာမောင့်ကြောင့်ဆိုတာလည်း..စိမ်းသိအောင်မောင်ပြောပြမှာ..တောင်းပန်မှာမလို့.

.အိမ်ရောက်တာနဲ့ စိမ်းလက်ကိုဆွဲကာ..အပေါ်ထိတောက်လျှောက်တက်လာတော့ စုစုက မျက်လုံးပြူးလေးနဲ့လ်ိုက်ကြည့်နေတာ.စိမ်းကလည်းသူမကိုလှည့်ကြည့်လှည့်ကြည့်နဲ့..နောက်မှပဲမိတ်ဆက်ပေးတော့မည်။စိမ်းဘာကြောင့်ဟိုမိန်းမအနိုင်ကျင့်တာကိုခံနေတာလဲသိရဖို့အရေးကြီးသည်မို့..

အခန်းထဲရောက်တာနဲ့ စိမ်းကိုဆိုဖာပေါ်ထိုင်စေလိုက်သည်..သူကစိမ်းရှေ့မှာဒူးတုတ်ထိုင်ချလိုက်ပြီး..စိမ်းမျက်နာပေါ်က ဒဏ်ရာကိုဖွဖွတို့ထိတော့..စိမ်းကခေါင်းငုံ့သွားသည်။

"မောင်တောင်းပန်ပါတယ်.. မောင့်ကြောင့်..စိမ်း..အခုလို..''

မောင့်စကားကြောင့် စိမ်းအံ့သြရ​​ပြန် သည်။

"ဘာဆိုင်လို့လဲမောင်..မောင်နဲ့မဆိုင်ပါဘူး..စိမ်းအသုံးမကျလို့..အင်​့..ဟင့်..''

စိမ်းငိုတော့မောင်က စိမ်းဘေးပြောင်းထိုင်ကာ..ပုခုံးမှဆွဲယူပြီးမျက်နှာချင်းဆိုင်လှည့်ထိုင်ခိုင်းသည်။

မျှော်နိုင်သမျှ...(Completed)Donde viven las historias. Descúbrelo ahora