အပိုင်း ၂၈

15.3K 441 114
                                    

သဲ သူ​့အဖိုးနဲ့စကားများပြီး..suicideလုပ်လို့ အရေးပေါ်ခန်းထဲအသက်လုနေရကြောင်း သဲရဲ့သူငယ်ချင်းကmessageပို့လာတာကြောင့် သူချက်ချင်းပင်LAသို့ထွက်လာခဲ့ရပြန်သည်။စိမ်းကို စိတ်မချပေမယ့် အသက်တစ်ချောင်းကပိုပြီးအရေးကြီးနေတာကြောင့် ကောင်းမြတ်အား စိမ်းကိုဂရုစိုက်ဖို့အတန်တန်မှာကာထွက်လာခဲ့ရပေမယ့် စိတ်ကမဖြောင့်..စိမ်းက..သူ့စကားကိုတောင်ဆုံးအောင်နားမထောင်ဘဲသူ့က်ိုလွယ်လွယ်သွားခွင့်ပြုလိုက်သောကြောင့် စိတ်ထဲအတော်လေးနေမထိထိုင်မသာဖြစ်ရသည်။

သဲ သူ့အဖိုးနဲ့စကားများတာကလည်း သူ့ကြောင့်အများဆုံးဖြစ်န်ိုင်သည်။ သဲကိုအဆက်အသွယ်ဖြတ်ထားတာလဲကြာပြီမလို့..သူ မသွားရင် သဲက်ိုရက်စက်ရာကျမည်။သဲဟာတခြားအချိန်တွေမှာစိတ်မာသလောက် နေမကောင်းဖြစ်ချိန်ဆို အားငယ်တတ်တာသူအသိဆုံးမလို့ စိမ်းက်ိုကတိပေးထားပြီးကာမှ အားနာနာနဲ့ပဲထွက်လာခဲ့ရသည်။
.
.
.
.
မောင် ထွက်သွားပြီးနောက် နေ့လည်စာကို စိမ်းတစ်ယောက်ထဲပဲ ဝမ်းဝရုံစားလိုက်သည်။အလုပ်မလုပ်ဘဲထ်ိုင်နေရင် အတွေးတွေလွန်ပြီးတစိမ့်စိမ့်ဝမ်းနည်းလာသောကြောင့်မရှိရှိတဲ့အလုပ်ရှာလုပ်ဖို့စိတ်ကူးပြီးအပေါ်ထပ်တက်ကာမောင့််အခန်းထဲဝင်ကြည့်တော့ အဝတ်တွေကထည့်လက်စကြီး..အခုလ်ိုရုတ်တရက်ကြီးထွက်သွားလောက်တဲ့ထိဆိုတော့..တော်တော်အရေးကြီးလို့ထင်။..မောင့်ပစ္စည်းတွေ အဝတ်အစားတွေက်ိုသေချာ နေသားတကျဖြစ်အောင်ထားပေးခဲ့ပြီးအောက်ထပ်ပြန်ဆင်းလာကာ တစ်အိမ်လုံးကပစ္စည်းတွေကို စိမ်းIdeaအတိုင်း နေရာတွေချပြီးနောက် ရေမိုးချိုးပြီး ချူးဆီထွက်လာတော့ အနည်းငယ်တောင်နောက်ကျချင်နေပြီဖြစ်သည်။

ခြံထဲကအထွက် ကောင်းမြတ်က ကားပေါ်မှာထိုင်စောင့်နေပြီး လိုက်ပို့မယ်ပြောသော်လည်း စိမ်းလက်မခံဘဲ လက်ဖွဲ့ရထားသောကားက်ိုသာကိုယ်တိုင်မောင်းပြီးထွက်လာခဲ့သည်။သူ့ဆရာကိုအမြင်မကြည်လ်ို့ သူ့တပည့်ကိုပါမမြင်ချင်တဲ့စိတ်ကြီးကိုပြင်ဆင်ဖို့ကြ်ုးစားပါသော်လည်းမအောင်မြင်။..ကိုယ့်စိတ်ကိုမနည်းပြင်ဆင်နေရတာတောင်မလွယ်။..သဲသဲသျှင်နဲ့ပတ်သတ်လာရင် စိမ်းဘာဖြစ်ဖြစ်ထားခဲ့ခံရတာမထူးဆန်းတော့ပေမယ့် ကြုံလာတော့လည်း မခံစားနိုင် ။သူ့ချစ်သူပဲလေ..သူဦးစားပေးမှာပေါ့ စိမ်းကသူချစ်တဲ့သူမှမဟုတ်တာလ်ို့ ​ဖြေတွေးတွေးပီး စိတ်ကိုအတတ်နိုင်ဆုံးမနာကျင်ရအောင်နေမှဖြစ်တော့မည်ဟု ကိုယ့်ကိုယ်ကိုသတ်ိပေးနေသော်လည်း...ဒုံရင်းကဒုံရင်းပါပဲစိမ်းရွက်ဖူးရယ်။

မျှော်နိုင်သမျှ...(Completed)Onde histórias criam vida. Descubra agora