(13) (Uni+Zaw)

992 34 2
                                    

Unicode......

ညဉ့်ခေါင်အိမ်ပြန်ရောက်လေတော့ ထင်သည့်အတိုင်းပင် ငယ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။မွေ့ယာထက်က ကိုယ်ငယ်လေးသည် ပုစွန်ထုတ်ကလေးသဖွယ် ကွေးကွေးလေးအိပ်ပျော်နေတာမို့ ညဉ့်ခေါင်ငယ့်အား ခြေရင်းမှာရှိ‌နေသည့်စောင်ကိုဆွဲယူ၍ လည်ပင်းရင်းထိတိုင်အောင်ဆွဲခြုံပေးလိုက်သည်။ထို့နောက် ချစ်စရာမျက်နှာလေးအားကြည့်နေရရုံဖြင့်မတင်းတိမ်နိုင်တာမို့ နဖူးထက်ခပ်ဖွဖွအနမ်း‌ခြွေမိတော့ ဆတ်ခနဲတုန်သွားသည့် ကိုယ်ငယ်လေးနဲ့အတူ မျက်လုံးညိုဝိုင်းဝိုင်းလေးတွေသည်ပွင့်လာကာ ပေကလက် ပေကလက်ဖြင့်။

"အာ နိုးသွားတာလား ငယ်"

"မောင်! ‌မိုးမိလာတာလား"

မေးနေတာကတခြား၊ပြန်‌ပြောလာသည်က တခြားပင်ဖြစ်နေခဲ့သော်လည်း ညဉ့်ခေါင်မှာ ဘာမှမ‌ပြောနိုင်။ရွဲစိုနေသောကိုယ်တစ်ခုလုံးက ပြန်လာစဉ်တုန်းကလောက်တော့မဟုတ်‌တော့ပေမဲ့ စိုကပ်နေသေးသည်။ဆံပင်‌တွေကလည်း နဖူးပေါ်ဝဲကျနေတာမို့ မိုးမိတဲ့ရုပ်ကလေးကလည်း ကြည့်ရဆိုးနေသည်တော့မဟုတ်။ပုံမှန်မြင်နေကြနှင့်မတူခဲ့သော်လည်း တစ်မျိုးလေးကြည့်ကောင်း၏။

"မောင်...ဘယ်လိုဖြစ်လို့...ထီးထည့်ပေးထားတယ်လေ မင်းကို။အရင်ရက်ကတည်းက"

"အဲ့တာက..."

"နေပါဦး မိုးကမင်းအိမ်ပြန်လာတဲ့အချိန်နဲ့ကွက်တိလောက်မှရွာတာလေ ဘယ်လိုဖြစ်လို့...မင်းကားမောင်းပြန်လာတာမဟုတ်ဖူးလား"

အိပ်ယာပေါ်ကနေ ငုတ်တုတ်ထထိုင်ရင်း ‌ပြောလိုက်သည့်စကားဆိုသည်မှာလည်း တရစပ်။ဘယ်က‌စလို့ ဘာ‌ပြောရမည်မသိတော့သည့် ညဉ့်ခေါင်သည် ငယ့်အမေးစကားသာ ပြန်‌ဖြေဖို့ပြင်ရသည်။

"ဟုတ် ‌ကားနဲ့ပြန်လာတာ"

"အဲ့တာကို မင်းကားပေါ်ပဲ မိုးကပိုသည်းသွားသလား ညဉ့်ခေါင်"

"အဲ့တာ မောင်..."

စကားကဘာဆက်လို့ ဆက်ရမည်မသိတော့။ပေါက်ပေါက်ဖောက်နေသည့်စကားသံ‌တွေကမရပ်မနား။အခုလည်း ‌ပြောပြဖို့ပြင်နေသည်ကို ကုတင်ပေါ်ကထကာ ဗီရို‌ဖွင့်သူသည် ညဉ့်ခေါင်ဝတ်ဖို့အင်္ကျီယူလာပေးရင်း ပွစိပွစိနှင့်။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now