Unicode.......
လမ်းမထက််မှာ တရိပ်ရိပ်မောင်းနှင်နေသည့် ကားနက်ကလေး၏ ဦးတည်ရာသည် မိဘမဲ့ဂေဟာတစ်ခုဆီသို့။စိမ်းစိမ်စိုစိုအပင်လေးများကို မျက်စိတစ်ဆုံးငေးရင်း၊ ဝေ့ဝေ့တိုက်ခတ်နေသည့် လေညင်းနုလေးများကို မျက်လုံးမှိတ်ခံယူရင်း၊ခပ်လွင်လွင်သီချင်းသံ အေးအေးလေးအား လိုက်ဆိုညည်းရင်းနဲ့ စိတ်ကလေးက ကြည်ရွှင်အေးမြလို့နေသည်။
မွေးရပ်မြေလို့ပဲဆိုရမလားတော့ ယျာဉ်နှောင်းမပြောတတ်။ကိုယ်ဘယ်မှာေမွးလို့ ဘယ်မှာနေခဲ့ရမှန်း ယျာဉ်နှောင်းမှ ကောင်းကောင်းမသိခဲ့ပဲ။လသားအရွယ်ကလေးထဲက မြက်ပုံကြားအပစ်ခံထားရတဲ့ သူက မေမေကြီး ကယ်လို့ရှင်ခဲ့ရသည်ေလ။အဲ့ကတည်းက သူ့အိမ်နဲ့ သူရဲ့ဇာတိချက်ကြွေမွေးရပ်မြေလေးကတော့ ရန်ကုန်မြို့က ဂေဟာလေးတစ်ခုပဲ ဖြစ်ခဲ့သည်။
အစ်ကိုတွေရှိသလို၊အစ်မတွေလည်းရှိတယ်၊ညီလေးနဲ့ညီမလေးတွေလည်း ရှိတယ်။ဘဝတူလေးတွေမို့ နွေးထွေးမှုနဲ့အတူ ပျော်ရွှင်စွာကစားကြရင်း၊ရှိတာလေးတွေ ဝေမျှစားရင်း၊ပြဿနာတစ်ခုကြုံလာတိုင်းလည်း အချင်းချင်းရိုင်းပင်းကူညီကြရင်း အေးအတူ၊ပူအမျှဘဝကိုဖြတ်သန်းလာခဲ့ဖူးသည်။အခုတော့ မတွေ့ရတာ ဘယ်လောက်တောင်မှကြာနေပြီလဲ။
ဂေဟာကို မရောက်ဖြစ်တာ နှစ်တစ်ခုထိကြာခဲ့ပြီဖြစ်သည်။ရှုပ်ထွေးနေတဲ့ကိစ္စရပ်တွေကြောင့် ယျာဉ်နှောင်း ဂေဟာကိုသွားဖို့မအားခဲ့တဲ့အပြင်ကို နေရာကတစ်ခုဆီမလား။အရမ်းမဝေးပေမယ့်လည်း ဘေးမှာတောက်တဲ့ေမာင်က ရှိနေတာကို။
ဘာရယ်အကြောင်းမဟုတ် ဂေဟာကနေ ထွက်ကာ အလုပ်ရှာလုပ်ခဲ့တဲ့ ယျာဉ်နှောင်းက ဂေဟာမှာပိုမိုများပြားလာတဲ့ကေလးေတွအတွက် တစ်ထောင့်တစ်နေရာနေ ကူညီချင်သည်။ထိုမလောက်ငှမှုကြောင့် ယျာဉ်နှောင်းဆယ်တန်းအောင်ခဲ့တာတောင် တက္ကသိုလ်ဆက််မတက်ခဲ့ပဲ အလုပ်ထွက်လုပ်ခဲ့တာဖြစ်သည်။
ထိုမှစ အစ်ကိုအဂ္ဂနဲ့ဆုံသည်။သဘောကောင်းသလို၊ရည်မွန်သလိုနဲ့ ချဉ်းကပ်ခဲ့တဲ့ သူ့ကို လူရည်သိပ်မလည်ခဲ့သေးသည့် ယျာဉ်နှောင်းယုံခဲ့ဖူးပါသည်။ထိုယုံမိခဲ့ခြင်းအကျိုးဆက်ကလည်း အချိန်တစ်ခုထိ မှန်ကန်နေခဲ့ပါသေးသည်။ဓာတ်ပုံလေးတစ်ခု သူမမြင်သေးခင်အချိန်ထိပေါ့။
YOU ARE READING
"ချစ်သော...."(S2)(married life)(Completed)
RomanceZawgyi ရစ်ပတ်နှောင်တွယ်နှလုံးသားဝယ် ရဲ့ Season (2)လေးပါဗျ။ No more Drama မို့ နည်းနည်းလေးမှ မလောင်ရတော့ပါဘူးနော်။ Start date - (7.3.2022)(Tue) End date - (28.1.2023)(Sat) Unicode ရစ်ပတ်နှောင်တွယ်နှလုံးသားဝယ် ရဲ့ Season (2)လေးပါဗျ။ No more Drama မို...