PEOny's🤎

416 17 0
                                    

Unicode.......

Night နဲ့ပတ်သတ်ပြီး ဒုတိယအကြိမ်မြောက် နှုတ်ဆက်ရခြင်းဖြစ်ပါတယ်ဗျာ။ကြားထဲမ‌ှာ ဟိုကိစ္စ၊ဒီကိစ္စနဲ့ မရေးဖြစ်တာမို့ (၃)လပိုင်းက‌နေ စလိုက်တာ နောက်နှစ်(၁)လပိုင်းထိတောင် ကူးသွားရတယ်ဗျာ။

(၁၀)လကျော်ကြာမြင်ခဲ့တာမို့ ဒီတစ်ခါနှုတ်ဆက်ရတာတော့ စိတ်မကောင်းတော့ဖြစ်ရတယ်။အချိန်တိုင်း Nightအတွက်တွေးနေရတာမို့ အချိန်တိုင်းထိ‌ေတွ့‌ေနရတော့ သံယောဇဉ်ကြီးတဲ့ကျွန်တော် ခွဲရမှာဆိုးတဲ့စိတ်နဲ့ အပိုင်းအရှည်ကြီးထိ ဆွဲခေါ်လာမိတယ်။အရင်က the endလို့ ရေးလိုက်မိတိုင်း စိတ်ပေါ့သွားပေမယ့် ဒီတစ်ခါတော့ ချီတုံချတုံဖြစ်သွားရတယ်။

Updateကြာတယ်၊တစ်လနီးပါးလောက် မတင်ခဲ့တာတွေ ရှိပေမယ့် အခုချိန်ထိရှိနေပေးကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်း၊တစ်ယောက်စီတိုင်းကို ကျွန်တော်ရင်ထဲကနေ လှုိက်လှိုက်လှဲလှဲကျေးဇူးတင်ရပါတယ်။updateမြင်တိုင်း ရောက်လာပေးကြသလို ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ ဖတ်ပေးကြတဲ့အပြင်ကိုအားတစ်ခုအနေနဲ့ခံစားရတဲ့ vote,mentတွေအတွက် ကျေးဇူးအထူးပါခင်ဗျာ။ရှိနေတဲ့ လူနည်းစုလေးကိုတော့ ကျွန်တော် အများကြီးတန်ဖိုးထားရပါတယ်။

Complete စောင့်နေကြတဲ့သူတစ်ချို့ရှိတာမို့ ဘယ်အချိန်မှပဲ ဖတ်ပေးသည်ဖြစ်စေ၊ဖတ်ခဲ့သည်ဖြစ်စေ တစ်ခါအလည်လာပေးတာနဲ့တင် ကျေးဇူးတင်ရကြောင်းကိုတော့ အသိပေးပါတယ်ခင်ဗျာ။လိုအပ်‌ချက်တွေများလွန်းတာမို့ ကောင်း၏၊ဆိုး၏အမြင်လေးတွေကို စိတ်မဆိုးတတ်တာမို့ မကျေနပ်တာရှိရင် သူ့ဘက်၊ကိုယ့်ဘက်ပွင့်ပွင့်လင်းလင်းပြောသွားလို့ရပါတယ်ဗျာ။

အခုနေ နှုတ်ဆက်လိုက်ရပေမယ့် ပြောခဲ့တဲ့အတိုင်း ညဉ့်ခေါင်ယံဆိုတာက ကျွန်တော့်လက်ရှိဖန်တီးမှုထဲမှာ အချစ်ရဆုံးသော ဇာတ်ကောင်တစ်ယောက်ပါ။သတိရတိုင်း အလည်လာနေမိဦးမှာဖြစ်သလို၊ဒီတိုင်းကြီးပစ်လိုက်ဖို့ကို တော်တော်လေးခဲယဉ်းတာမို့ သူတို့နဲ့ပတ်သတ်ပြီး အတွေးရတိုင်း အချပ်ပိုလေးတွေအနေနဲ့ လာနေမိဦးမယ်ထင်ပါတယ်။တခြားသော ဖန်တီးမှုလေးတွေမှာတောင် သူတို့ကို နည်းနည်းဖြစ်စေ၊များများဖြစ်စေ ထပ်ထိတွေ့ဖို့ကြိုးစားနေမိဦးမယ်ထင်ပါတယ်။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now