(38)((Uni+Zaw)

1.1K 32 2
                                    

Unicode......

"စိတ်အေးအေးထားလေညဉ့်ခေါင် အစ်ကိုယျာဉ်နှောင်းဘာမှမဖြစ်လောက်ပါဘူး"

ခွဲခန်းရှေ့၌ ဂဏာမငြိမ်ယောက်ယက်ခက်နေသော ညဉ့်ခေါင်ကိုကြည့်၍ ကောင်းကောင်းမနေနိုင်စွာပြောလိုက်၏။အသက်ရှုသံတို့မတည်ငြိမ်ကာတစ်ချက်ပင်မထိုင်နိုင်ပါဘဲ ခွဲခန်းထဲကို တမျှော်မျှော်လုပ်နေသည်မို့ အထဲကအစ်ကိုယျာဉ်နှောင်းထက် ညဉ့်ခေါင်ကိုပင် ပိုပူနေရသည်။

မိုးစွေတို့ကလည်း တီမွှေးတို့ကိုခေါ်၍ လိုက်လာနေပြီဖြစ်သည်။ဦးမိုးဦးကလည်း ပြောရှာသည်။သူ့သားကို တစ်ချက်လောက်ကြည့်ထားပေးဖို့။ညဥ့်‌ေခါင်အများကြီးစိတ်ပူနေမှာသိနေကြသည်မို့ အားပေးစကားလေးပြောပေးဖို့ တဖွဖွမှာရှာသည်။

သူတို့လည်းအများကြီး စိတ်ပူနေရပါသည်။အစ်ကိုယျာဉ်နှောင်းက ယောက်ျားလေးမို့ မီးဖွားရာမှာ အများကြီးအခက်အခဲရှိ၏။အခုတောင် ခွဲခန်းထဲဝင်နေသည်မှာ နာရီဝက်ပင်ကျော်နေပြီဖြစ်သော်လည်း ဖွင့်ဟမလာသေးသည် ခွဲခန်းတံခါးကြောင့် သူတို့တွေလည်း ရတက်မအေးနိုင်ပါ။

"သား"

"အမေ"

ထိုင်ပင်မထိုင်ဘဲ လက်နှစ်ဖက်ကို မီးပွင့်မတတ်ပွတ်နေလေတဲ့ သားဖြစ်သူကိုမြင်သည့်အခါမှာ ဒေါ်နန်းမွှေးဦးစွာခေါ်လိုက်မိသည်။သားနှောင်းကလည်း မွေးခန်းထဲမှာ အန္တရာယ်ရှိသည့်အခြေအနေလား မသိရ၊သားဖြစ်သူကလည်း ပူပန်နေသည်မှာ ဆောင်းတွင်းမှာတောင် တစ်ကိုယ်လုံးကို ချွေးတလုံးလုံးနှင့်။

"စိတ်အေးအေးထား‌ေလ သား ဘာမှမဖြစ်ဘူး"

ဦးမိုးဦးက ညဉ့်ခေါင်၏ ပခုံးအားပုတ်ကာ အားပေးရှာသည်။ညဉ့်ခေါင်မနေနိုင်ပါ။အရမ်းကြာနေပြီဖြစ်၏။သူ့၏စိတ်ထဲ ပူပန်မှုတို့သည် တရိပ်ရိပ်နှင့်။ရင်ထဲမှာ ပူလောင်နေကာ အသက်ပင်ဝဝမရှုနိုင်သည်အထိ။

ထိုစဉ် ခွဲခန်းထဲမှ သူနာပြု‌မလေးသည် အပြေးအလွှားထွက်လာလေရာ ညဉ့်ခေါင်လည်း အလျှင်အမြန်ပင် အခြေအနေအား မေးမြန်းမိသည်။

"ဆရာမ ငယ့်အခြေအနေ.."

"သိပ်မကောင်းဘူး မွေးလူနာက အရမ်းအားနည်းနေတယ် ပိုဆိုးတာက ကလေးကတစ်‌ေယာက်တည်းမဟုတ်ဘူး နှစ်ယောက်ဖြစ်‌ေနတယ်။အရမ်းကြီးတော့ စိတ်မပူပါနဲ့ ကျွန်မတို့ အကောင်းဆုံးလုပ်ပေးမှာမို့"

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now