Extra

958 23 2
                                    

Unicode.......

"မောင်မှာတဲ့ပစ္စည်း ခုနလေးတင် ရောက်တယ် မောင် ပုံးက အကြီးကြီးနော် မောင်ဘာတွေမှာထားတာလဲ"

"Suits တွေ အချစ်၊ ကြိုက်တဲ့အရောင်လေးရွေးထားလိုက်နော် ငယ် ညကျမောင်တို့ ပွဲတစ်ခုတက်စရာရှိလို့"

"ကလေးတွေရောလား"

"ပါတယ် ပါတယ်  သမီးလေးအတွက်က သပ်သပ်"

"အင်း အင်း ငါကြည့်လိုက်မယ်"

ဖုန်းချလိုက်သည်နှင့် ဖောက်ချင်တာကြာပြီဖြစ်သော ပုံးကို ဖွင့်ကြည့်လိုက်သည်။သပ်သပ်ရပ်ရပ်ခေါက်ထည့်ထားသော အဝတ်တွေက တစ်ထည်ခြင်းကိုစက္ကူပါးအဖြူလေးနဲ့ အုပ်ကာပတ်ထားလေသည်။ပထမဆုံးအရောင်လေးက ရေညှိရောင်လေးပင်။အသားကောင်းလွန်းလှသည့်အပြင် အနံ့မွှေးမွှေးလေးကိုပင် ရနေ၏။

အညို၊အနက်၊ခဲရောင်၊နီညိုရောင် အရောင်စုံထုတ်ကြည့်ပြီးသည့်နောက် ယျာဉ်နှောင်းရေညှိစိမ်းရောင်လေးသာ ရွေးလိုက်တော့သည်။မောင်က အဲ့အရောင်လေးနဲ့ လိုက်တာမို့။ဆိုဒ်သုံးခု ပါတာမို့ မောင်တစ်စုံ၊ယျာဉ်နှောင်းတစ်စုံ၊သားလေးအတွက်တစ်စုံပင်။အမှန်းတော်တာလားမသိပေမယ့် သားလေးနဲ့ ကွက်တိအနေအထားလောက်ပင်။

ထို့နောက် နောက်ထပ်ပုံးအလတ်‌ေလးတစ်ခုကိုဖွင့်လိုက်တော့ ဂါဝန်လေးတွေပင်။အရောင်စုံဂါဝန်လေးတွေက အသည်းယားစရာကောင်းလွန်းအောင်ပင် ချစ်စရာကောင်းလွန်းလေသည်။အထပ်ထပ်သော အလွှာတွေနှင့် ဂါဝန်လေးက ကားကားလေးမို့ မျက်နှာသွယ်သော သမီးလေးနှင့် လိုက်မှာတော့အသေအချာ။ဂါဝန်ကတော့ ရေညှိစိမ်းရောင်လေးမပါချေ။နို့စိမ်းရောင်လေးသာ ပါသည်မို့ ထိုအရောင်လေးပဲ ရွေးလိုက်တော့သည်။အရောင်မှိုင်းတွေမကြိုက်တတ်တဲ့ သမီးလေးနဲ့လည်း အဆင်ပြေလေသည်။

ညနေရောက်တော့ ကလေးတွေပါ တစ်ခါတည်းဝင်ကြိုလာသည့်မောင်က ပုံမှန်အိမ်ပြန်ချိန်ထက် အနည်းငယ်လေးစောနေသည်။ပြန်ရောက်တာနဲ့ သူ့ကလေးတွေကို လက်ဆွဲကာ အဝတ်အသစ်ဝယ်ထားကြောင်းပြောတော့ ကလေးပီပီ ပျော်နေကြတဲ့ကလေးတွေက ခုန်ပေါက်နေလေသည်။အင်္ကျီတစ်ထည်ခြင်းကို ဖွနေသည်ကို မြင်သည့်အခါ ယျာဉ်နှောင်းစိတ်တိုလာတော့သည်။သူတို့မလာခင် ဗီရိုထဲ သေချာထည့်ထားတာကို အခုတော့ ကြွက်သိုက်ကြီးအလား။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now