Extra chapter

781 24 0
                                    

Unicode.......

"ဆင်ကြီးလာပြီဝေ့"

"အား ဆင်ကြီးလာပြီ"

"အား ဖေဖေ ဆင်ကြီး"

ပုဆိုးအား ဆင်နှာမောင်းသဖွယ် လိပ်ထားကာ ခေါင်းကိုစွပ်ထားသည့် ညဉ့်ခေါင်က မူကြိုပိတ်ရက်ရှိနေသည့် သူ့ကလေးတွေနှင့် ကစားနေတာပင်။အောက်ထပ်အကျယ်ကြီးမှာ ဆော့ကစားနေကြသည်မို့ ပစ္စည်းတွေလည်းရှုပ်ပွနေသည့်အပြင် အော်သံ၊ရယ်သံတို့နှင့်ပြည့်နှက်နေလေသည်။

ထိုအသံတွေကို ကြားနေရသည့် မီးဖိုခန်းထဲက ယျာဉ်နှောင်းကတော့ ပြုံးမိနေလေသည်။ဂျစ်ကန်ကန်စရိုက်ရှိပြီး အေးပေမယ့် သူ့သားသမီးတွေနဲ့ကျ ပျော်ပျော်ရွှင်ရွှင်ဆော့ပေးနေသည်။

"သား သေနတ်ကြီးနဲ့ လာပြီ"

"အား သားလေးက ဖေဖေ့ကိုပစ်မလို့လား သမီးလေးဖေဖေ့ကို ကယ်ပါဦး"

ကြောက်နေသလို ညဉ့်ခေါင်က လက်သီးဆုပ်လျက်လက်နှစ်ဖက်ထံမျက်နှာဖွက်လိုက်သည်မို့ အတည်ထင်ကာ ခေါင်ဦးယံပြည့်လေးက သဘောတကျရယ်လေ‌တော့သည်။

"ဒိုင်း!"

"အ့ သေပါပြီဗျာ"

"ခစ် ခစ် ဖေဖေ့"

ရင်ဘတ်ကိုသေနတ်မှန်သွားသလို လက်နဲ့ဖိလိုက်ကာ မျက်လုံးပိတ်လျက်နောက်ပစ်လဲသွားသည်က သေသွားပါပြီပေါ့။ကလေးတွေက ခုန်ပေါက်နေကာ သေသွားဟန်ကို ပျော်သွားသလိုမျိုး။သူတစ်လှည့်၊ကိုယ်တစ်လှည့်နှင့် သေနတ်ပစ်တိုင်းကစားနေရင်း ကလေးတွေကလည်း သူ့အဖေမှပစ်လိုက်လျှင် တုန်းခနဲပစ်လဲသွားကြသည်။ညဉ့်ခေါင်မှာတော့ ထိုအပြုအမူလေးတွေကိုပဲ အသည်းတယားယားဖြစ်ရသည်။နှစ်နာရီလောက်ဆော့ပြီးကာမှ မူကြိုကပေးလိုက်သော အိမ်စာရှိနေသည်ကို ငယ်သတိပေးတော့မှပဲ အဆော့ရပ်သွားကြတော့သည်။

"ဖေဖေ့ ရေချိုးပေး ပြီးရင် သားသားတို့အိမ်စာရေးတော့မယ်"

တင်ပျဉ်ခွေထိုင်နေတဲ့ ညဉ့်ခေါင်ပေါင်ပေါ် ကုပ်တက်ကာ စကားတို့ကို တတွတ်တွတ်ဆိုသည်။ငြိမ်ကုပ်နေသည့် သမီးလေးကလည်း ချွေးစလေးတွေကို သုတ်၍ ညဉ့်ခေါင်ထံ တစ်လှမ်းချင်းလျှောက်လာသည်။လက်ကမ်းပေးလိုက်တော့ ဆွဲကိုင်၍ ပေါင်ပေါ်ငြိမ်ငြိမ်လေးထိုင်နေသည်။

"ချစ်သော...."(S2)(married life)(Completed)Donde viven las historias. Descúbrelo ahora