(33)(Uni+Zaw)

1.1K 35 5
                                    

Unicode.......

"ဗျာ (12)ပတ်တောင်ရှိနေပြီလား"

ကုတင်ပေါ်က ယျာဉ်နှောင်းလက်ကို ဆုပ်ကိုင်ကာ ဦးလေးအောင်မြင့်အားကြည့်၍ တအံတဩမေးနေလေတဲ့ ညဉ့်ခေါင်။ပဏာမဦးစွာ ကျန်းမာရေးစစ်ဖို့ခေါ်သည်က ညဉ့်ခေါင်ဖြစ်သော်လည်း တကယ်တမ်း ဦးလေးအောင်မြင့်က ညဉ့်ခေါင်ဖြစ်နေသော လက္ခဏာရပ်အချို့ကိုမေး၍ ခေါင်းတညိတ်ညိတ်လုပ်ကာငယ့်ကိုသာ စစ်မည်ဟုဆိုလျက် စစ်ဆေးသည်တွင် ရလာသည့်အဖြေသည် ညဉ့်ခေါင်အား ခဏတာလောက်ဆွံ့အသွားစေ၏။

(12)ပတ်သည် လအားဖြင့် သုံးလတိုင်ရှိနေပြီဖြစ်၏။သတိမထားမိခြင်းနှင့် ကိုယ်ဝန်သည်လက္ခဏာပြနေသည်က ညဉ့်ခေါင်ပင်ဖြစ်နေသည်။ငယ့်ကိုယ်မှာလည်း ထူးထူးခြားခြားပြောင်းလဲလာသည်ဟူ၍ ကိုယ်အနည်းငယ်‌ေနွးလာခြင်းနှင့် ဗိုက်ကရှေ့သို့သေးသေးလေးစူထွက်နေခြင်းပင်ဖြစ်၏။ပုံမှန်လို့သာ ထင်နေခဲ့ပေမယ့် ဒါကကိုယ်ဝန်သည်တစ်ယောက်၏ ပြောင်းလဲမှုတွေဖြစ်နေလေသည်။

"သတိမထားမိတာက ကိုယ်ဝန်သည်လက္ခဏာတွေက ညဉ့်ခေါင်ဆီပြနေတာလေ၊အဲ့တာ‌ေကြာင့်မို့ မသိတာ။ဒါက များသောအားဖြင့် ဖြစ်လေ့ဖြစ်ထရှိပါတယ်။အိမ်ထောင်ဖက်ကို အရမ်းချစ်တဲ့ အိမ်ထောင်သည်ယောက်ျား (၁၀)ယောက်မှာ (၅)ယောက်လောက်ဖြစ်တတ်တယ်။ကိုယ်ဝန်သည်ခံစားရမှာတွေကို အိမ်ထောင်ဖက်က ကူခံစားပေးလိုက်သလိုပေါ့"

ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေးလှဲနေသည့်ယျာဉ်နှောင်းသည် ဦးလေးအောင်မြင့်နှင့်စကားပြောနေသောမောင့်အား ကြည့်လိုက်သည်။ပျော်ရွှင်နေ‌ေသာမျက်ရိပ်တို့ရှိသလို၊ပူပန်နေသောမျက်ရိပ်တစ်ချို့ကို ထင်ဟပ်နေသော မျက်လုံးစူးတို့သည် ငွေ့ရည်တို့အနည်းငယ်ဖွဲ့နေ၏။တည်တည်ငြိမ်ငြိမ်စကားပြောနေသည်မှာမှန်သော်လည်း မောင့်မျက်နှာအားကြည့်၍ ယျာဉ်နှောင်းခန့်မှန်းမိလိုက်ပါသည်။

"ဦးလေးမှာ အသိကျွမ်းကျင်တဲ့ OGတစ်ယောက်ရှိတယ်။နိုင်ငံခြားကနေ ဒီကိုပြောင်းလာတာ။သူက အမျိုးသားကိုယ်ဝန်ဆောင်တွေကိုလည်း ကိုင်ခဲ့ဖူးတော့ ရဲရဲကြီးစိတ်ချထားလို့ရတယ်။ဦးလေးဖုန်းနံပါတ်ပေးရမလား"

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now