(22)(Uni+Zaw)

783 27 5
                                    

Unicode........

ဆေးရုံအပြင်ဘက် ပြေးထွက်လာရင်း ကောင်းကောင်းမှာ သူ့လုပ်ရပ်သူ စဉ်းစားမရနိုင်။ဘာလို့များ အဲ့လိုလုပ်ရပ်ကို ကျူးလွန်ဖို့ တွေးနိုင်ရတာလည်း ဆိုတာ တကယ်တွေးမရ။ကိုယ်သင်းနံ့နွေးနွေးက နှာဖျားမှာ ကျီဆယ်တော့ မနေနိုင်မထိုင်နိုင် ရှိုက်လိုက်မိတာ။

စလိုက်သည့် စကားအသွင်သက်‌ေရာက်သော်လည်း ကောင်ငယ်လေးက ဘာစကားမှမဆိုလို့ ဘာဖြစ်သွားလို့လဲတွေးကာ မ‌ျက်လုံးလှန်ကြည့်လိုက်မိတာ။ကြည်လင်နေသည့် မျက်လုံးဝိုင်းဝိုင်းတို့နှင့် အကြည့်ချင်းဆုံသွားသည့် တစ်ခဏ ပြောပြမရသည့် ရင်ခုန်သံသည် တုနှိုင်းဖွယ်ပင်မရှိ။ဖူးအိနေသည့် နှုတ်ခမ်းဖူးဖူး‌လေးက ခြောက်သွေ့ခြင်းကင်းကာ ရဲစိုအိနေသည့်အပြင် ဖောင်းကြွနေသည့် နှုတ်ခမ်းသားတို့က သမာဓိအား စမ်းသပ်သွားသလို။ချိုမြိန်မှု‌ေလးရှိ‌ေနမှာဟူသည့် အသိသည်တစ်ခါလောက်မြည်းစမ်းလာချင်စိတ်ကိုပါ ဖြစ်ပေါ်လာစေသည်။ထို့‌ေကြာင့် စိတ်ဆန္ဒကို ဦးစားပေးရင်း ရီဝေသွားသည့် စိတ်အစုံသည် ခဏတာ‌‌ေလာက် အသိကင်းမဲ့သွားသလို။နီးကပ်ရန်စက္ကန့်ပိုင်းအလို ဂျွတ်ထိုးသွားသည့် ကောင်လေးကြောင့်သာ မဟုတ်ရင် သူအဆုံးထိ ရှေ့ဆက်လိုက်မိပြီဖြစ်သည်။

အခုတော့ သူဘယ်လို ကောင်လေးကို မျက်နှာပြရပါ့မလဲ။

ခေါင်းကိုသာ နာနာထုရင်း အသိလွတ်မိခြင်းအတွက် တိုင်နဲ့ခေါင်းနဲ့ပြေးပြေးဆောင့်လိုက်ချင်သည်။နုနယ်သေးသည့် ကလေးအပေါ် မဟုတ်မဟက်စိတ်တွေ ထားခဲ့မိလေသည်။

နောက်များခါဆို သုတမျက်နှာကို ကောင်းကောင်းကြည့်ရဲမှာပင် မဟုတ်တော့။

•••••••••••••••••••••••••••••••••••••

"မောင် မထသေးဘူးလား ရန်ကုန်ရောက်မှ အိပ်ပုတ်လုပ်နေတာလား"

ကုတင်‌ပေါ်က စောင်ကို ခြေရင်းနားမှာ အနားစတွေပြန့်သည်အထိ ခေါက်တင်နေရင်း မောင့်ကို လှမ်းနိုးရပြန်သည်။နေတော်တော်မြင့်နေပြီဖြစ်သည့်အပြင် သုတကလည်း ဒီနေ့ဆေးရုံဆင်းလာမှာဖြစ်သည်။ထို့ကြောင့် မောင့်ကို လာလာနိုးနေရတာ ဒီအကြိမ်နဲ့ဆို သုံးကြိမ်တောင် ရှိပြီဖြစ်၏။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now