(26)(Uni+Zaw)

922 36 0
                                    

Unicode......

"ငယ်ကဗျာ မောင်က"

"ဘာမောင်လဲ သွား ကျွန်တော်ဆို!ကျွန်တော်ပဲလာခဲ့ ဘာမောင်မှမလာနဲ့"

"ငယ်က ရစ်ပြီဗျာ"

တစ်မနက်လုံး ချွဲကောင်းကောင်းနဲ့ချွဲနေပြီးတော့ အခု ဆေးသောက်ခါနီးကျမှ ညဉ့်ခေါင်ကို အတင်းကန်ကျောက်နေတော့သည်။အနားသွားထိုင်ရင် တွန်းထုတ်လိုတွန်းထုတ်နဲ့ ဆေးသောက်လို့ပြောရင်လည်း မကြားချင်ယောင်ဆောင်သည်။နောက်ဆုံးမနေနိုင်လို့ ချုပ်တိုက်မည်လုပ်တော့ ဟိုတစ်နေ့က စိတ်ဆိုးပြ‌ီးပြောခဲ့တဲ့စကားတွေကို ပြန်အစဖော်ကာ အခုလိုရစ်နေတာသာ ကြည့်။

"ကျွန်တော်ပဲ လာမယ်၊မောင်မလာဘူး ဆေးသောက်မယ်"

"သွား မင်းမလာနဲ့ မင်းကအကြမ်းကြီးလုပ်မှာ မောင်ပဲပြန်လာခဲ့"

ဟူး စိတ်တွေရှည်လာပြီ။နေမကောင်းလို့ ရဲတွတ်နေသည့် မျက်နှာသေးသေးလေးကတော့ စိတ်ရှိတိုင်းသာ ဖျစ်ညစ်ပစ်လိုက်ရင် နာကုန်တော့မည်။သည်းခံနိုင်စွမ်းတွေ တကယ်ကုန်လာပြီ။

"အသက်က သုံးဆယ်ပြည့်တော့မယ် ဆေးသောက်ခါနီးဒီလောက်ထိ မောင်လိုက်ပြောနေမှရမှာလား"

"ဘာလဲ အိုနေပြီလို့ ပြောတာလား၊ငါ အသက်ကြီးလာလို့မင်းစိတ်ကုန်နေပြီမလား၊ငါသိတယ် မင်းငါ့ကို စိတ်ကုန် အွန်း! အဟွတ်!"

ပွစိပွစိနဲ့ ရစ်မဝသည့် နှုတ်ခမ်းလွှာတွေကြား ဆေးလုံးတွေ ချုပ်သွင်းတော့ အတင်းထွေးဖို့ပြင်နေသည်ကြောင့် နှုတ်ခမ်းတွေကို အတင်းဖိပိတ်ထားလိုက်သည်။ထိုတော့မှ မျိုချရင်း နင်သွားသည်ထင်ရဲ့။ချောင်းကဆိုးလာသည်။အသင့်ဖောက်ထားပြီးသား ဂျယ်လီသကြားလုံးကို ပါးစပ်ထဲထည့်ပေးရင်း ရင်ခွင်ထဲဆွဲထည့်တော့ အထည့်မခံ အတင်းရုန်းနေတော့သည်။

"ဖယ် မထိနဲ့ ဆေးကိုအဲ့လိုအကြမ်းကြီးတိုက်ရလား၊ဘယ်အချိန်ထဲက အငြိုးတွေနဲ့ အခုချိန်မှ လာစုပုံလက်စား‌ေချနေသလားပဲ"

"မောင်အဲ့လို မတိုက်ရင် ငယ်ကကြည်ကြည်ဖြူဖြူသောက်မ‌ှာတဲ့လား။ဘယ်အချိန်က ငယ့်ကိုဆေးတိုက်ရင် လွယ်လွယ်နဲ့ရဖူးလို့လဲ ဟင်"

"ချစ်သော...."(S2)(married life)(Completed)Tahanan ng mga kuwento. Tumuklas ngayon