Extra (1)

735 23 0
                                    

Unicode.......

အချိန်အားဖြင့် ည(၁၀)နာရီ။

သားနဲ့သမီးကို သိပ်ခဲ့ပြီးဖြစ်၍ အခန်းထဲမှာ ညဉ့်ခေါင်နဲ့ယျာဉ်နှောင်းနှစ်ယောက်တည်း။

ညဉ့်ခေါင်၏ပေါင်ပေါ်မှာထိုင်တဲ့ယျာဉ်နှောင်းက ဂဏာမငြိမ် ထိုင်ချည်၊ကြွချည်နဲ့ လှုပ်စိလှုပ်စိ။အဝတ်ပါးလေးဝတ်ထားတဲ့ ယျာဉ်နှောင်း၏ကျောပြင်လေးက ချွေးစ‌တွေနဲ့စိုနင့်နေကာ ကျောပြင်ကိုကပ်နေလေသည်။

နောက်ဆုံးမနေနိုင်တော့ နှုတ်က ဖွဖွ 'မောင်'ခေါ်လိုက်မိသည်နှင့်အတူ

"ငြိမ်ငြိမ်နေ အချစ်ရ မောင်မှားရိုက်မိကုန်ပြီ"

လည်ပင်းလေးကို ဖွဖွနမ်းရင်း ညဉ့်ခေါင်ပြောလိုက်သည်နှင့် ငယ်က ညဉ့်ခေါင်လည်ပင်းကိုဖက်ကာ ငြိမ်ကျသွားသည်။အစက စာရင်းလုပ်နေတဲ့ ညဉ့်ခေါင်နား လာထိုင်နေသည်ဖြစ်သော်ငြား ကြာလာသော ဘာစိတ်ကူးပေါက်လဲတော့မသိ။ပေါင်ပေါ်တက်ထိုင်လာသည်။သုံးလေးရက်စာ ထပ်နေသည့်စာရင်းတွေမလို့ ငယ့်ကိုပေါင်ပေါ်တင်ထားရုံကလွဲ သိပ်ဂရုစိုက်မိချေ။အခုတော့ ဂရုမစိုက်ချင်လို့ကိုမရတော့အောင် အဲကွန်းဖွင့်ထားတာတောင် ချွေးတွေရွဲနေတဲ့ငယ်က ဘာဖြစ်နေတာလဲ သိဖို့လိုပြီဖြစ်ပါသည်။

"အချစ် မှန်း! နေမကောင်းဘူးလား"

နဖူးပြင်ကို ဖွဖွစမ်းကြည့်သည့်အခါ ပူမနေသည့်အသားအရည်ပေမယ့် နှုတ်ခမ်းလေးက ဖြူရော်နေသည်။ချွေးပေါက်၊ချွေးစေးတွေ ကျနေသည်မလို့ လက်နဲ့သုတ်ပေးသည့်အခါ မျက်ရည်ဝဲဝဲလေးနဲ့ ငယ်က ခပ်တိုးတိုးဆိုလာသည်။

"ဗိုက်အောင့်တယ် မောင် ငါ့ဗိုက်တော်တော်နာနေတယ်"

ဗိုက်လေးကို ဖိရင်းပြောသည့်အခါ လေအောင့်တာလား၊အစာအိမ်လား သိချင်မိသည်မို့ ဗိုက်သားပြင်လေးကို ခပ်ဖွဖွစမ်းသည့်အခါ

"ဒီနားလား"

ညာဘက်ကိုစမ်းကြည့်တော့ ခေါင်းခါပြသည်မို့ ဘယ်ဘက်ကိုထပ်ဖိကြည့်သည့်အခါ နာတယ်ဟု ခပ်ဖွဖွညီးငြူသံလေးကြောင့်

"အစာအိမ်နာနေတာလား အချစ်ရာ မောင့်ကိုစောစောမပြောဘူး ညနေက ငယ်ဘာတွေစားထားသေးလဲ"

"ချစ်သော...."(S2)(married life)(Completed)Donde viven las historias. Descúbrelo ahora