(37)(Uni+Zaw)

1.1K 40 0
                                    

Unicode.......

[Recommended song- Hush (goblin ost song)(lasse lindh)]
(သီချင်းအရင်နားထောင်ပေးဖို့ မေတ္တာရပ်ခံပါတယ်ဗျ။)

•••••••••••••••••

"ဖြေးဖြေးဆင်း ငယ်"

ညနေခင်းလမ်းလျှောက်ရမည့်အချိန်မို့ ဗိုက်ပူလေးငယ့်အား အပေါ်ထပ်ကနေ ဂရုတစိုက်ခေါ်လာရသည်။ညဥ့်‌ေခါင်‌ေခါ်လာမှ မဟုတ်ရင် သွက်လက်နေသည့် ငယ်က လှေကားထစ်တွေပေါ်ကနေ ဖလန်းဖလန်းဆင်းတတ်သေးတာ။သူကသူ့ကိုယ့်သူထိန်းနိုင်လို့ ဘာမှမဖြစ်ပါဘူးပြောလည်း ကြည့်နေရတဲ့သူက အသည်းတယားယား။ချော်များကျရင် ရင်ကျိုးရမှာက ညဉ့်ခေါင်။ဂရုမစိုက်တာမျိုးမဟုတ်ပေမယ့် ပေါ့ပေါ့ပါးပါးနေတတ်တာ‌ကပဲ ပူပန်စရာဖြစ်နေတာဖြစ်၏။

"အာ အနွေးအင်္ကျီကျန်ခဲ့ပြီ ငယ်ခဏထိုင်နေဦး မောင်သွားယူလိုက်ဦးမယ်"

အောက်ထပ်ရောက်ကာမှ အနွေးအင်္ကျီကျန်ခဲ့တာ သတိရသည်မို့ ပြန်တက်ယူရပြန်သည်။ဆောင်းတွင်းရောက်နေသည့်အပြင် အအေးလှိုင်းဖြတ်နေသည်မို့ လေမတိုက်လျှင်တောင် ခြေဖျားလက်ဖျားတို့အေးနေရသည်ကို လေများတိုက်လျှင်တော့ ရိုးတွင်းခြင်ဆီထဲထိ စိမ့်ခနဲနေအောင် အေးတာဖြစ်သည်။ထို့ကြောင့် ဗိုက်ဖျားမည်ဆိုးသဖြင့် အရာရာကိုဂရုတစိုက်ရှိရ၏။အအေးကြိုက်သည့် ဗိုက်ကတော့ အအေးလှိုင်းဖြတ်နေတာကို ပျော်မဆုံးတပြုံးပြုံး။မိုးလင်းရင် ဝရန်တာထွက်ပြီး လေတမှုတ်မှုတ်လုပ်နေသည်က ပါးစပ်ထဲက အငွေ့ထွက်သည်ကို သဘောကျလို့ပါတဲ့လေ။တစ်ခါတလေ ဗိုက်ကတအားပြောရခက်သည့်အပြင် ပြောလို့ပင်မနိုင်။

‌အ‌နွေးအင်္ကျီယူပြီးပြန်ဆင်းလာကာ ဗိုက်ကိုဝတ်ပေးရန် ‌ဧည့်ခန်းထံအသော့နှင်မိတော့ ငယ့်ဘေးမှာထိုင်နေသော ဖြူဖြူ့ကိုတွေ့တော့ ခြေလှမ်းကတုံ့ခနဲ။ရန်ဖြစ်ထားကြသည်လို့ ဆိုရမည့် အနေအထားတစ်ခုဖြစ်ခဲ့တာမို့ ပုံမှန်လို စကားပြောရမှာကတော့ နည်းနည်းရှိုးတိုးရှမ်းတမ်းဖြစ်ရသည်။ထို့အပြင် မာနကလည်းရှိသေး၏။ကောင်းစေချင်လို့ပြောနေသည်ကို လက်မခံပေးနိုင်သည်မို့ ကိုယ်ဘက်က စမလျော့ပေးနိုင်သည့်အပြင် အချိန်ကုန်ခံပြီးထပ်ပြောမနေချင်တော့။ရွာပြန်တော့မည်လည်း ဖြစ်တာမို့ ဒီ့ထက်ပိုပြီး အခြေအနေမတင်းမာစေချင်တာလည်းပါ၏။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now