(11) (Uni+Zaw)

1.1K 34 3
                                    

Unicode.......

"ဇေသုတစံ!!! မင်းဘယ်သွားမှာလဲ အခု!!!"

အပေါ်ထပ်ကနေ အောက်ထပ် ခြေလှမ်းစစချကာစရှိသေး ဟိန်းကနဲထွက်လာသော အသံကြောင့် သုတကိုယ်က တုန်ခနဲ။ဆက်လျှောက်မည့်ခြေလှမ်းတို့ဟာ ဆက်လက်လျှောက်နိုင်စွမ်းမရှိတော့သည်က အသံပိုင်ရှင်အား ကြောက်လွန်းသည်မို့။ရပ်မြဲနေရာအတိုင်း ရပ်နေရင်းက အသံပိုင်ရှင်ကို လှည့်ကြည့်မိသည်။

စာကြည့်ခန်းထဲက တစ်လှမ်းချင်းလျှောက်လှမ်းလာသူရဲ့ မျက်နှာက ဒေါသအရှိန်ကြောင့် နီမြန်းနေလျက်။ထွက်ပေါ်နေသော ဒေါသကို ချုပ်တည်းထားဟန် တင်းနေသော မေးရိုးကြောတွေက သက်သေ။မျက်မှောင်တို့ကို စုကြုံ့ထားသည်မို့ တစ်လှမ်းချင်းလျှောက်လာသည့် ကိုကြီးကောင်းကောင်း၏ မျက်နှာကိုကြည့်ရင်း သုတချွေးပြန်လာသည်။ခပ်စေးစေးဖြစ်နေသော လက်ဖဝါးနှစ်ဖက်က ချွေးထွက်နေသည်မို့ စုတ်ချည်ဖြန့်ချည်ပြုနေရင်း ပြသနာကိုရင်ဆိုင်ဖို့ အားယူနေရသည်။

"မင်း! ဘယ်သွားဖို့ပြင်နေတာလဲ! ဇေသုတစံ!"

တည်တည်ငြိမ်ငြိမ်နှင့်မေးလာသော မေးခွန်းက လေပြေအေးနဲ့တော့ မဟုတ်ခဲ့တာ သေချာသည်။အေးစက်စက်နှင့် ကြည့်နေသည့်အကြည့်တွေက ' မင်းတော်တော်လွန်နေပြီ'ဟု ပြောနေဟန်။

"ကျွန်တော် သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ ကိုကြီးကောင်းကောင်း"

"မင်းမှာ ငါ့ကိုပြောဖို့ အစီအစဉ်မရှိဘူးလား"

သွားကြားထဲက လေထွက်သံလို ကြောက်စရာကောင်းသည့် လေသံကြောင့် ဘာဆက်ပြောရမည်မသိ။ပြောဖို့အစီအစဉ်မရှိခဲ့တာ သေချာနေသည်မို့ သူကဘာများချေပချက်ပေးလို့ရမည်လဲ။

"ဇေသုတစံ!! မင်းမှာပါးစပ်မပါဘူးလား။!!"

စိတ်တိုလာသည့် အလျောက် အော်လိုက်မိလေတော့ မျက်စိရှေ့က ကိုယ်ငယ်က တုန်ကနဲ။စိတ်ရှုပ်လာစွာ စုတ်တစ်ချက်သပ်ရင်း လိမ္မာမလိုနဲ့ အကြောတင်းသည့် အကောင်ပေါက်ကို ပြောဆိုမိသည်။

"မင်းကို ငါနေရာတကာ လိုက်ချုပ်ချယ်နေတာမဟုတ်ဘူး။အခု သူငယ်ချင်းတွေနဲ့ သွားတွေ့မှာကိုလည်း မသွားရဘူးမပြောဘူး။အေး ဒါပေမဲ့ မင်းမှာ ငါ့ကိုအသိပေးဖို့ အစီအစဉ်မရှိဘူးလား။မပြောမဆိုနဲ့ အိမ်ကထွက်သွား!! ဘယ်သွားလို့ ဘယ်လာမှန်းမသိတဲ့ မင်းကို ငါဘယ်လောက်ထိ စိတ်ပူရမယ်ထင်လဲ ဟမ်!! မင်းအမေက ငါ့လက်ထဲ အပ်ထားခဲ့တာမို့ မင်းတစ်ခုခုဖြစ်သွားရင် မင်းလဲမကောင်းဘူး၊ ငါလဲမကောင်းဘူး။ နားလည်လား မင်း! ကျစ်! "

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now