(25)(Uni+Zaw)

938 28 4
                                    

Unicode.........

ဇွန်းသံ၊ပန်းကန်သံတို့သာ ကြီးစိုးသည့်‌မနက်စာဝိုင်းလေးသည် တိတ်တိတ်ဆိတ်ဆိတ်။

ဘေးနားမှာ လိုတာပြင်ပေးနေသည့် ဖြူဖြူသည်လည်း ညဉ့်ခေါင်မျက်နှာကိုကြည့်နေသည့် ယျာဉ်နှောင်းအား မျက်ရိပ်ပြကာ အကျိုးအကြောင်းမေးနေဟန်။

ခေါင်းခါပြသည့် ယျာဉ်နှောင်းကြောင့် ဖြူဖြူက မျက်နှာရှုံ့လေသည်။

'အလကား ဘာမှလည်းမဟုတ် ချော့လို့မူနေတာ'

စိတ်ထဲပယ်ပယ်နယ်နယ် နှယ်နေမိတဲ့အဆုံး ရိုးတွင်းခြင်ဆီထဲထိစိမ့်နေအောင်အေးလောက်မည့်အအေးဓာတ်ကို ခံစားမိလိုက်သည်။စူးတောက်နေအောင်စိုက်ကြည့်သည့် မျက်လုံးအကြည့်တွေကြောင့် ဖြူဖြူ့မှာအယောင်ယောင်အမှားမှား။

"စိတ်နဲ့လူနဲ့ကပ် ကော်ဖီတွေ လျှံကျတော့မယ်"

အဲ့အသံ ကြားရတိုင်း အမြဲတမ်းအအော်ခံနေရတာကြီး။ဖြူဖြူကပဲ လွဲလွန်းသလား၊သူကပဲ မျက်စိဒေါက်ထောက်ကြည့်နေလား ဖြူဖြူမသိတော့ပါ။

လျှံကျခါနီးကော်ဖီခွက်အား အစ်ကိုလေးထံ မမှောက်စေရန် သတိနဲ့ထိန်းကာပေးမိတော့ ခပ်စူးစူးထပ်စိုက်ကြည့်လာ၏။

'မှောက်ရင် အသေပဲ'ဆိုတဲ့အကြည့်နဲ့။အစ်ကိုလေးကို စိတ်သာကောက်နေတာ သူ့လောက်ပူတာ သူပဲရှိတယ်။

အဲ့အကြည့်တွေ အအေးလှိုင်းတွေ ရေခဲဓာတ်တွေ တအားထုတ်သောပဲ။အစ်ကိုယျာဉ်နှောင်းဆီမှာတော့ အဲ့လိုအကြည့်မျိုး တစ်ခါမှ မတွေ့ဖူး။

"မောင်"

တစ်ချိန်လုံးငြိမ်နေသည့် ယျာဉ်နှောင်းသည် အခုမှ အသံထွက်လာသည်။

မနေတတ်တော့ဘူး တကယ်မနေတတ်တော့ဘူး။မနက်မိုးလင်းကတည်းက စကားမပြောတာ။ယျာဉ်နှောင်းကို အမြဲကပ်ချွဲတဲ့ကြောင်ပေါက်မဟုတ်တော့ဘူး။ယျာဥ်‌ေနှာင်းမနိုးခင် ထသွားတယ်။အဝတ်တွေလည်း သူ့ဘာသာသူထုတ်ဝတ်သွားတာ။ယျာဉ်နှောင်းကြယ်သီးမတပ်ပေးရင် ကြယ်သ‌ီးတစ်လံုးမှမတပ်ဘဲရင်ဘတ်ဟပြဲနဲ့နေတဲ့မောင် ဘယ်ရောက်သွားလဲ။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now