(14)(Uni+Zaw)

926 34 2
                                    

Unicode......

မှောင်ရီနေသည့် ညပတ်ဝန်းကျင်သည် ညနေဘက်ကသည်းသည်းမဲမဲရွာသွန်းခဲ့သော မိုးပြေးကြောင့်လေထုဟာ ချမ်းစိမ့်စိမ့်ဖြစ်နေသည်။သို့သော်လည်း ပူပြင်းလှသော ကိုယ်အပူရှိန်နှင့် ချွေးစေးတို့ထွက်နေလေသော ညဉ့်ခေါင်ကတော့ ချမ်းလွန်းသည့် လေကိုလည်းမခံစားနိုင်။ သူ့၏ကိုယ်ပိုင်‌ အနွေးဓာတ်လေးကိုလည်း မျက်လုံးနှင့်သာကြည့်နေရသည့်အဖြစ်။ကုတင်ထက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်ငယ့်ကို ‌ထွေးဖက်လို့ အိပ်စက်ချင်ပေမဲ့ တရိပ်ရိပ်တိုးနေသော ကိုယ်အပူရှိန်ကြောင့် ငယ်အဖျားကူးမှာ စိုးရိမ်ပါ၏။

ငယ်ကထမင်းစားပြီးဆေးသောက်ခိုင်းခဲ့သော်လည်း မသက်သာသော ခေါင်းနောက်မှုနဲ့အတူ မလျော့သွားသောကိုယ်အပူရှိန်က ပုံမှန်ထက်ပင် ပိုဆိုးလာသည်။မအိပ်ခင်အစောပိုင်းထိတိုင်အောင် ငယ့်အားထွေးဖက်ထားရင်းနှင့် အိပ်ပျော်သွားခဲ့သော်လည်း သန်းခေါင်ယံအချိန်၌ လန့်နိုးလာခဲ့သည်။ ကိုယ့်ခန္ဓာကိုယ်တောင် မသယ်ချင်လောက်အောင်ထိ ပင်ပန်းနွမ်းလျနေခဲ့သော်လည်း ငယ်အဖျားကူးမှာကိုတော့ မလိုချင်မိ။ထို့ကြောင့် အခန်းတွင်းက ဆိုဖာထံသို့ တရွေ့ရွေ့လျှောက်သွားရင်း ငယ်အနားမှာမရှိသဖြင့် အိပ်မပျော်သည်မို့ ထိုင်ကြည့်နေရသည့် အဖြစ်က ဆိုးရွားလွန်းလှသည်။

သို့သော်လည်း ပင်ပန်းနေသည့် မျက်လုံးတွေကတော့ စိတ်ဆန္ဒအလိုလည်း မလိုက်နိုင်ပါ။‌မှေးဆင်းသွားသော မျက်ခွံတို့က အချိန်တစ်ခုအကြာ၌ အမှောင်အတိဖုံးလျက် အိပ်စက်ခြင်းဆီသို့...။
.
.
.
အခန်းအတွင်းကလေထုသည် အဲကွန်းမဖွင့်ထားသည်တိုင်အောင် အေးလွန်းလှသည်မို့ နွေးထွေးမှုလေးရလိုရငြား ရင်ခွင်တစ်စုံကို တိုးဝှေ့ရန်ပြင်မိတော့ အေးစက်စက်မွေ့ယာပြင်သည် ယျာဉ်နှောင်းကိုဆီးကြိုသည်။စိတ်ထဲမတင်မကျဖြစ်သွားပေမဲ့ ဖွင့်မရသေးသည့်မျက်လုံးတို့ကြောင့် လက်ကိုသာ အလုပ်ပေးရင်းမွေ့ယာထက် ဟိုဟိုဒီဒီစမ်းမိတော့ ဗလာရှင်းနေသည့် မွေ့ယာပြင်ကြောင့် လူကရုတ်တရက် ငုတ်တုတ်ထထိုင်မိသည်အထိ။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now