(35)(Uni+Zaw)

1K 37 2
                                    

Unicode.......

အချိန်အားဖြင့် ၁၂နာရ‌ီခွဲ။

ခပ်မှိန်မှိန်အလင်းရောင်သာရှိနေသော အခန်းထဲတွင် ယျာဉ်နှောင်းတစ်ယောက် အိပ်မပျော်သဖြင့် အခန်းတွင်းထဲ တောင်အီအီ၊မြောက်အီအီကြည့်နေမိသည်။ခြေထောက်တွေနာကာ ကိုယ်တွေလက်တွေမအီမသာဖြစ်နေသည်မို့ ယျာဉ်နှောင်းအိပ်လို့မရ။မောင့်ကိုနှိုးလိုက်ချင်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမြင်တော့ မနှိုးရက်ပေ။ထို့ကြောင့် မောင်ဖက်ထားသည့် လက်ကိုဆွဲဖြုတ်ကာ ထထိုင်ချင်ပေမယ့်လည်း မောင်က တင်းတင်းကြပ်ကြပ်ရယ်မဟုတ်ပေမယ့် မြဲနေအောင်ဖက်ထားသည်မို့ ဖြုတ်မရ။သက်ပြင်းအသာချရင်း ဗိုက်ကိုပွတ်ကာ လေပူတို့ကို မှုတ်ထုတ်မိသည်။မျက်လံုးတို့ကိုအတင်းမှတ်၍ အိပ်ပျော်ဖို့ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း ခြေထောက်တွေနာနေသည်မို့ ဘယ်လိုလုပ်လုပ်အိပ်မရ။ထပ်ကာသက်ပြင်းရှိုက်မိရင်း မောင့်ရင်ဘတ်ထံ မျက်နှာမူကာ ခါးကိုကြပ်ကြပ်ဖက်ထားလိုက်သည်။မျက်ဝန်းထောင့်တို့ ပူလာကာ လှိုက်ခနဲဝမ်းနည်းလာစိတ်သည် ဘယ်ကနေဘယ်လို ဝင်လာသည်ရယ်မသိ။ရှိုက်သံမထွက်အောင်ထိန်းထားရင်းမှ နှာတံတို့တစ်လျှောက် မျက်ရည်တို့ကျဆင်းလာသည်။ထိန်းထားနေရင်းကြားမှ အင့်ခနဲထွက်လာသော ရှိုက်သံနှင့်အတူ ပခုံးသားတို့တစ်ချက်တုန်သွား၏။

"ဘာဖြစ်လို့လဲ ငယ်"

ရင်ခွင်ထဲမှာ လှုပ်စိလှုပ်စိလုပ်နေသည်ကြောင့် လူကနိုးနေပြီဖြစ်ပေမယ့် အိပ်ရအဆင်မပြေလို့ ခန္ဓာကိုယ်ကိုလှည့်တယ်ထင်ခဲ့ပေမယ့် ရင်ဘက်ကပူနွေးနွေးအရည်တို့စိုလာသည်ကြောင့် ညဉ့်ခေါင်စိုးရိမ်တကြီးမေးမိတော့သည်။

အိပ်ယာနိုးစ အက်ရှရှအသံနှင့်အတူ ယျာဉ်နှောင်းအား ရင်ခွင်ထဲမှထုတ်ကာ မေးဖျားကိုဆွဲမော့၍ မေးလာသည့်မောင့်အား ယျာဉ်နှောင်းချက်ချင်းပြန်မဖြေနိုင်။ချော့သူရှိလို့ ပိုငိုချင်လာသည့် အားလျော်စွာ မောင့်ကိုဖက်ကာ တအင့်အင့်ရှိုက်ငိုမိသေး၏။ယျာဉ်နှောင်းခေါင်းအား ပွတ်ကာ

"အိမ်မက်ဆိုးတွေမက်လို့လား"

ခေါင်းကိုတ‌ွင်တွင်ခါကာ ငိုနေမှုကိုလည်း အဆုံးမသတ်နိုင်သေး။ပိုးပိုးပေါက်ပေါက်ကျဆင်းနေသည့် ယျာဉ်နှောင်း၏ မျက်ရည်စတို့ကို သုတ်ပေးရင်း

"ချစ်သော...."(S2)(married life)(Completed)Tempat cerita menjadi hidup. Temukan sekarang